Homeနိုင်ငံတကာသတင်းထိုင်းဝန်ကြီးချုပ် ဆာရက်ထာ ထာ့ဝီဆင် ရာထူးက ဖယ်ရှားခံရ

ထိုင်းဝန်ကြီးချုပ် ဆာရက်ထာ ထာ့ဝီဆင် ရာထူးက ဖယ်ရှားခံရ

၁၄ ဩဂုတ်၊ ၂၀၂၄

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထာ့ဝီဆင်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုနဲ့ ရာထူးက ဒီကနေ့ ဩဂုတ် ၁၄ ရက်မှာ ဖယ်ရှားလိုက်ပြီလို့ သိရပါတယ်။

ဆရက်ထာဟာ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ခဲ့ဖူးသူ ပီချစ်ချွမ်ဘန်းကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့အတွက်ကြောင့်လို့ တရားရုံးက ပြောပါတယ်။

ဝန်ကြီးချုပ် ရာထူးက ဖယ်ရှားခံရတဲ့ အတွက် သူဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့လည်း အလိုအလျောက် ပျက်ပြယ်သွားမှာဖြစ်ပြီး ဝန်ကြီးချုပ်အသစ် ကို လွှတ်တော်က ထပ်မံ ရွေးချယ်တင်မြှောက်ရမှာဖြစ်ပါတယ်။

အမိန့်ချခဲ့တဲ့ ခုံရုံးဟာ ပြီးခဲ့ အပတ်က Move Forward ပါတီကို ဖျက်သိမ်းပြီး ပီထာကို နိုင်ငံရေး လုပ်ခွင့် ၁၀ နှစ်ပိတ်ပင်ခဲ့တဲ့ ခုံရုံးပဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read