Homeနိုင်ငံတကာသတင်းထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် တော်ဝင်စော်ကားမှုနဲ့ တရားရင်ဆိုင်ရဖို့ ရှိနေ

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် တော်ဝင်စော်ကားမှုနဲ့ တရားရင်ဆိုင်ရဖို့ ရှိနေ

အသက် ၇၄ နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ တစ်ယောက် ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဥပဒေအရ တားမြစ်ထားတဲ့ ဝေဖန်မှုတွေကို ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ တရားစွဲဆို ခံရဖို့ရှိနေတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဘက်ကတော့ ဘုရင့်အပေါ် သူအနေနဲ့ သစ္စာ စောင့်သိတယ်လို့ အကြိမ်ကြိမ် ကတိပြု ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရှေ့နေချုပ် ကတော့ ဘုရင်စနစ်ကို စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ ရုံးတွင်း အရာရှိတစ်ယောက်က ဗုဒ္ဓဟူးနေ့ (မေလ ၂၉ ရက်) က ထုတ်ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ညီမ တော်စပ်တဲ့ ယင်လပ်ရှင်နာဝပ်ထရာ အစိုးရကို ဖြုတ်ချခဲ့တဲ့ တော်ဝင်ဝါဒီ စစ်တပ်နဲ့ ပတ်သက်ပြီး ၂၀၁၅ခုနှစ်တုန်းက လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုကနေ မြစ်ဖျားခံပြီး အခု ပြသနာက စခဲ့တာလို့ဆိုပါတယ်။

“ရှေ့နေချုပ်က သက်ဆင်ကို စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ဘီဂျရာဂူနာက ပြောဆိုလိုက်ပြီး ဝန်ကြီးချုပ်ဟောင်းကို လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ တရားရုံးရှေ့မှောက်ကို လာဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်ကတော့ အခု ပြသနာ အားလုံးကို ငြင်းဆိုထားပြီး တော်ဝင်တွေအပေါ် သစ္စာစောင့်သိတဲ့အကြောင်း ထပ်ခါတလဲလဲ ပြောဆိုနေပါတယ်။

မကြာသေးတဲ့နှစ်တွေထဲမှာ တော်ဝင်မိသားစုကို စော်ကားမှုတစ်ခုစီအတွက် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ အငြင်းပွားဖွယ်ဥပဒေအောက်မှာ စွဲဆိုခံထားရတဲ့ အမှုပေါင်း ၂၇၀ ရှိနေပြီး အဲ့ဒိအမှုတွေထဲမှာ သက်ဆင်ရဲ့ အမှုကတော့အထင်ရှားဆုံးအမှုလို ဆိုပါတယ်။

Ref: Reuters

ဆက်စပ် သတင်းများ

Most read