Homeနိုင်ငံတကာသတင်းထိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို တင်သွင်းမှု ရှုံးနိမ့်

ထိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို တင်သွင်းမှု ရှုံးနိမ့်

၂၆ မတ်၊ ၂၀၂၅

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာကို အယုံအကြည်မရှိကြောင်းအဆိုကို ဒီနေ့ မတ်လ ၂၆ ရက်မနက်ပိုင်က ထိုင်းလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ အဆို ရှုံးနိမ့်သွားတယ်လို့ သိရပါတယ်။

၂ ရက်တာပြုလုပ်တဲ့ လွှတ်တော် ဆန္ဒမဲခွဲဆုံးဖြတ်မှုမှာ မဟာမိတ်တွေရဲ့ မဲတွေနဲ့ ထိုင်းအစိုးရ အဖွဲ့က ခုလို အနိုင်ရခဲ့တာပဲဖြစ်ပါတယ်။

ရလဒ်တွေအနေနဲ့ က စုစုပေါင်း ၄၈၈ မဲမှာ ဝန်ကြီးချုပ်ကို ထောက်ခံသူ ၃၂၉ မဲ၊ ကန့်ကွက်သူ ၁၆၂ မဲ၊ ကြားနေ ၇ မဲ တို့ဖြစ်ကြပါတယ်။

ထိုင်းအတိုက်အခံတွေဟာ ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာ အပေါ် အယုံအကြည်မရှိအဆိုကို လွှတ်တော်မှာ မတ်လ ၂၄ရက် တင်သွင်းခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူ သက်ဆင်က သူမရဲ့ အစိုးရအပေါ် ဩဇာလွှမ်းမိုးနေတယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

ပုံစာ – မတ် ၂၆ ရက် လွတ်တော်အတွင်း မဲခွဲဆုံးဖြတ် ပြီးတွေ့ရသော ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာ နှင့် မဟာမိတ်များ

ဓါတ်ပုံ – AFP

ဆက်စပ် သတင်းများ

Most read