၂၀ အောက်တိုဘာ၊ ၂၀၂၄
လက်ရှိထိုင်းဝန်ကြီးချုပ်ပေထုန်တန်ကို ရွေးချယ်တင် မြှောက်ထားတဲ့ ဖျူထိုင်းပါတီကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ကော်မတီဖွဲ့ပြီး စုံစမ်းစစ် ဆေးနေတယ်လို့ အောက်တိုဘာလ၁၈ရက်နေ့က ထိုင်းသတင်းဌာနများမှာ ဖော်ပြထားပါတယ်။
ထိုင်းရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖျူထိုင်းပါတီဟာ ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ သက်ဆင်က ပါတီအပေါ်ကို တိုက်ရိုက်(သို့) တိုက်ရိုက်မဟုတ်ဘဲ ပါတီအပေါ်ကို သြဇာလွှမ်းမိုးမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ထိုင်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရေးပါတီတွေကို ပြင်ပက ပုဂ္ဂိုလ်တွေက သြဇာလွှမ်းမိုးမှုမရှိရဘူးလို့ ပြ ဌာန်းထားပြီး ပြည်ပထွက်ပြေးတိမ်းရှောင်ခဲ့တဲ့သက်ဆင်ဟာ သူနဲ့နီးစပ်သူတစ်ဦးဖြစ်တဲ့ ထိုင်းဝန် ကြီးချုပ်သာဗီဆင်လက်ထက်မှာ ထိုင်းကိုပြန်ရောက်လာခဲ့ပြီး သာဗီဆင်ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားခံရချိန်မှာတော့ သက်ဆင်ရဲ့သမီးဖြစ်သူ ပေထုန်တန်ကို ဖျူထိုင်းပါတီက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရတာဖြစ်ပါတယ်။
လက်ရှိထိုင်းဝန်ကြီးချုပ်ပေထုန်တန်ဟာ ဝန်ကြီးချုပ်အဖြစ် ဖျူထိုင်းပါတီက ရွေးချယ်မတင်မြောက်မီကာလအတွင်း သူတို့ရဲ့မိသားစုပိုင်ကုမ္ပဏီတွေမှာ CEO အဖြစ်ကနေ တရားဝင် နှုတ်ထွက်ထားသလားဆိုတာကို စုံစမ်းစစ်ေဆးပေးဖို့ ထိုင်းနိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ လီကစ်ဝတ်တာနာက ထိုင်းရွေးကောက်ပွဲ ကော် မရှင်ဆီကို တင်ပြတောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ စုံစမ်းဆေးရေးမှာ ဥပဒေနဲ့ မညီညွတ်တာကို တွေ့ရှိခဲ့ရင်တော့ ဖျူထိုင်းပါတီဟာ ဖျက်သိမ်းခံရသည်အထိ ဖြစ်သွားနိုင်တယ်လို့လည်း ထိုင်းသတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကလည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ စုံစမ်းဆေးရေးရဲ့ စုံစမ်း စစ် ဆေးမှုရလဒ်အပေါ် မူတည်ပြီး ဆုံး ဖြတ်ချက်တွေ ချမှတ်သွားမယ်လို့လည်း သိရပါတယ်။