ထိုင်းလွှတ်တော်ကိုဖျက်သိမ်းပြီးနောက် ရွေး ကောက်ပွဲအသစ်ပြန်ကျင်းပပေးဖို့ ထိုင်းအတိုက် အခံပါတီခေါင်းဆောင် Nattapong Ruangp -anyawut က ဒီကနေ့ ဇွန် ၁၉ ရက် လွှတ်တော်အ အပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ ထိုင်းအခြေစိုက် Khaosod သတင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဒီလိုတောင်းဆိုရတဲ့ အရင်းခံအကြောင်းအရင်းက ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့တယ်လီဖုန်းပြောဆိုရာမှာ နိုင်ငံတော်လုံခြုံရေး နဲ့ ပတ်သက်ပြီး အငြင်း ပွားဖွယ်ပြောဆိုချက်တွေ ကို တာဝန်ယူတဲ့အနေနဲ့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ဖုန်းပြောနေတဲ့အသံဖိုင်ဟာ မနေ့က ဇွန်၁၈ မှာပေါက်ကြားခဲ့တာဖြစ်ပြီး ၊ သူတို့ ၂ ဦး တယ်လီဖုန်း ပြောကြားရာမှာ ထိုင်းဝန်ကြီးချုပ်က ထိုင်းစစ်တပ်အနေနဲ့ ဖိအားပေးဖို့ နယ်စပ်ဂိတ်တွေကို တင်းတင်း ကျပ်ကျပ်ကိုင်တွယ်နေတာဖြစ်တယ်ဆိုတဲ့ သဘော ဆောင်တဲ့ ပြောကြားမှုတွေ ပါဝင်တယ် သိရပါတယ်။
ဒါ့အပြင် ဒီနေ့ ဇွန်၁၉ ရက် မနက်ပိုင်းမှာ အာဏာရ ညွန့်ပေါင်းအစိုးရအဖွဲ့ ထဲက Bhumjaithai ပါတီက လည်း အစိုးရ အဖွဲ့ ကနေ နှုတ်ထွက် တယ်လို့ ကြေညာခဲ့သလို ထိုင်းဝန်ကြီးချုပ် အစိုးရအဖွဲ့ရုံးကို လာတဲ့လမ်း မှာလည်း ဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ်ဖယ်ထုံတန် ရှင်နာဝပ် အနေနဲ့နှုတ်ထွက်ပေးဖို့ တောင်း ဆိုခဲ့တယ်လို့သိရပါတယ်။
လက်ရှိအခြေအနေမှာ ဒီအသံဖိုင်ပေါက်ကြားမှုနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်နဲ့ ထိုင်းကာကွယ် ရေးဝန်ကြီးတို့ နှစ်နိုင်ငံနယ်စပ် ပြဿနာကို ဆွေး နွေးတာတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Khaosod


