Homeပြည်တွင်းသတင်းထိုင်းလောင်စာဆီ ရောင်းချမှုရပ်ဆိုင်းတဲ့အတွက် မြဝတီမြို့နယ်တွင်း ဆီဆိုင်တွေမှာ တန်းစီဝယ်ယူ

ထိုင်းလောင်စာဆီ ရောင်းချမှုရပ်ဆိုင်းတဲ့အတွက် မြဝတီမြို့နယ်တွင်း ဆီဆိုင်တွေမှာ တန်းစီဝယ်ယူ

၅ ဖေဖော်ဝါရီ၊ ၂၀၂၅

မြန်မာနိုင်ငံ၊ မြဝတီဘက်ခြမ်းကို လျှပ်စစ်မီးနဲ့ လောင်စာဆီကို ထိုင်းဘက်က ဖေဖော်ဝါရီ ၄ ရက်မနေ့ကစပြီး မရောင်းချတော့တဲ့အတွက် မြဝတီမြို့ပေါ်က ဆီဆိုင်တွေမှာ ဒေသခံတွေ တန်းစီဝယ်ယူနေကြတယ်လို့ သိရပါတယ်။

မြဝတီမြို့တွင်းမှာ ကားတွေ၊ ဆိုင်ကယ်တွေ တန်းစီနေပြီး ဆီဝယ်ယူနေရပြီး တချို့ဆိုရင် အကြိမ်ကြိမ် ပြန်တန်းစီပြီး ဆီဝယ်ယူဖြည့်တင်းထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းတွေမှာ ထိုင်းဘက်က ဝယ်ယူထားတဲ့ လျှပ်စစ်မီးကို အသုံးပြုနေတဲ့အတွက် ထိုင်းဝန်ကြီးချုပ်က ချက်ချင်းဖြတ်တောက်ရန်အမိန့်ပေးထားပြီး လောင်စာဆီရောင်းချမှုကိုပါ ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read