Homeနိုင်ငံတကာသတင်းထိုင်းရောက် မြန်မာလုပ်သားများ ကုလနှင့် ထိုင်းအစိုးရ အချက်(၃)ချက်လုပ်ဆောင်ပေးဖို့ ဘန်ကောက်မြို့ရှိ ကုလရုံးရှေ့ ဆန္ဒပြ တောင်းဆို

ထိုင်းရောက် မြန်မာလုပ်သားများ ကုလနှင့် ထိုင်းအစိုးရ အချက်(၃)ချက်လုပ်ဆောင်ပေးဖို့ ဘန်ကောက်မြို့ရှိ ကုလရုံးရှေ့ ဆန္ဒပြ တောင်းဆို

၈ ဇူလိုင်၊ ၂၀၂၄

ထိုင်းမှာရောက်ရှိနေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတချို့က ဘန်ကောက်မြို့က UN ရုံးရှေ့မှာ ကမ္ဘာ့ကုလသမဂ္ဂနဲ့ ထိုင်းအစိုးရတို့ လုပ်ဆောင်ပေးဖို့ အချက် ၃ ချက်ကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားအခွင့်အရေး ၊ နယ်စပ်ဒေသအခြေအနေ နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းလုပ်ဆောင်ရေး စတဲ့ အချက် (၃)ချက်ကို ဇူလိုင် ၇ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ကမ္ဘာ့ကုလသမဂ္ဂ (UN)ရုံးရှေ့မှာ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အလုပ်သမားအခွင့်အရေးတောင်းဆိုချက်မှာ ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တစ်ခုတည်းသော သက်သေခံကတ်အဖြစ် ပန်းရောင်ကတ် (Work Permit)နဲ့ အလုပ်လုပ်ခွင့်ပေးဖို့ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက ထုတ်ပေးတဲ့ CI စာအုပ်ထုတ်ပေးရေး လုပ်ငန်းစဥ်တွေကို ရပ်တန့်ရေးနဲ့ စစ်အုပ်စုကို ပေးဆောင်နေရတဲ့ အခွန် ၂၅ ရာခိုင်နှုန်း လွှဲပြောင်းမှုကို ထိုင်းဘဏ်တွေကတဆင့် လွှဲပြောင်းပေးနေမှုတွေကို တားမြစ်ပေးဖို့ တောင်းဆိုထားပါတယ်။

နယ်စပ်ဒေသလူသားချင်းစာနာမှုတောင်းဆိုချက်မှာ အာဆီယံ ဥက္ကဌအနေနဲ့ ထိုင်း – မြန်မာနယ်စပ်တလျှောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် စစ်ဆင်ရေးမရှိ ဘေးကင်းပြီး ကြားနေနယ်မြေများအဖြစ် သတ်မှတ်ပေးပြီး IDPစခန်းများအတွက် နေစရာနေရာတွေ ပံ့ပိုးလုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။

လူသားချင်းစာနာထောက်ထားရေး ထောက်ပံ့မှုတွေကို အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ အဆိုပါ ထောက်ပံ့ရေးအစီအစဥ်၊ တာဝန်တွေကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေး ပုဂ္ဂလိကအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read