ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာ အခငွေကြေးနဲ့ အွန်လိုင်းမှ တစ်ဆင့် ထိုင်းဘာသာစကားသင်ကြားပေးတဲ့ မြန်မာဆရာမ တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရသိရပါတယ်။
ဧပြီ ၁၉ ရက် နေ့ က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ရဲတပ်ဖွဲ့တွေက သင်ကြားပေးတဲ့ မြန်မာ ဆရာမ ရဲ့ နေထိုင်ရာ နေရာကိုဝင်ရောက် စစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာဆရာမအနေနဲ့ ထိုင်းဘာသာစကားသင်ကြားရာမှာ Facebook နဲ့ ZOOM တွေကတဆင့်သင်ကြားပေးပြီး သင်တန်းကြေးအဖြစ် တဦးကို ဘတ် ၁၅၀၀ နဲ့ သင်ကြားပေးနေတယ်လို့လည်း ဆိုပါတယ်။
ထိုင်းရဲတွေက စစ်ဆေးရာမှာ စာသင်ကြားသူမှာ နေထိုင်အလုပ်လုပ်ခွင့် အထောက်အထား ပြည့်စုံပေမယ့် အခကြေးငွေနဲ့ စာသင်ကြားခွင့်မရှိတဲ့အတွက် အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်ပြင်မှာ အလုပ်လုပ်ကိုင်ခြင်းစတဲ့စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဆိုပါ မြန်မာအမျိုးသမီးကို ထိုင်းဥပဒေအရ တရားစွဲဆိုပြီး နိုင်ငံအတွင်း ဆက်လက်နေ ထိုင်ခွင့်ကို ရုပ်သိမ်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
နိုင်ငံခြားသားများ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ပါက ဘတ် ၅,ဝဝဝ မှ ဘတ် ၅ဝ,ဝဝဝ အထိ ဒဏ်ငွေချမှတ်နိုင်ပြီး ပုဒ်မ ၁ဝ၁ အရ အဆိုပါ နိုင်ငံခြားသားကို နိုင်ငံပြင်ပသို့ နှင်ထုတ်ရမယ်လို့ စမွတ်ဆာခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။
Ref-กาคาบข่าว ออนไลน์