၁၅ ဖေဖေါ်ဝါရီ ၊၂၀၂၅
ထိုင်းနိုင်ငံအတွင်းကို မနေ့က ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တစ်ရက်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင် ရောက်လာတဲ့ မြန်မာအလုပ်သမား (၁၀၀)ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။
ထိုင်းနိုင်ငံ ရတ်ချဘူရီ ပြည်နယ် ဖတ်ကဆမ် လမ်းပေါ် စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားတစ်စီး ကို ဖေဖေါ်ဝါရီ ၁၄ ရက် မနက်ပိုင်းကစစ်ဆေးရာ ကုန်တင်ကားပေါ်တွင် တရားမဝင် ဝင်ရောက်လာတဲ့ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦး၊ ကလေးငယ်၁၁ ဦး အပါဝင် မြန်မာနိုင်ငံသား ၁၀၆ ဖမ်းဆီးရမိခဲ့တယ်လို့ Khaosod သတင်း မှာဖော်ပြမှုအရ သိရပါတယ်။
ယာဉ်မောင်းဖြစ်သူ ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရာမှာ ရတ်ချဘူရီ ခရိုင်မှ Songkhla ရှိ Hat Yai ခရိုင်အထိ မြန်မာအလုပ်သမား တွေကို ပို့ဆောင်ပေးဖို့ ငှားရမ်းထားကြောင်း ဝန်ခံခဲ့ကြောင်းနဲ့ ၎င်းတို့ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ မှောင်ခိုကူးမှုဖြင့် အရေးယူထားကာတရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာ သူတွေ ကိုတော့ မွေးရပ်မြေသို့ ပြန်ပို့ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လလို့လည်း သိရပါတယ်။
ဆက်လက်ပြီး ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ တစ်ရက်ထဲမှာပဲ မဲဆောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားမှာ လုံခြုံရေးယူနေတဲ့ ထိုင်းစစ်တပ်ကတံတားပတ်ဝန်းကျင်ကို စစ်ဆေးရာ သောင်ရင်းမြစ်ကို ဖြတ်ကျော် ကာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ယ်လို့ သိရပါယ်။
ဖမ်းဆီးရမိသူတွေအတွင်း အမျိုးသား ၁၃ ဦးန နဲ့ အမျိုးသမီး ၁၀ ဦးတို့ပါဝင်ပြီး ၎င်းတို့ဟာ ည ၁၁ နာရီခွဲ အချိန် မှာသောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူတွေဖြစ်ပြီး လက်ရှိ မဲဆောက်ရဲစခန်းမှာ ဖမ်းဆီး ထားပြီး အမှုဖွင့် အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo – Khaosod