Homeနိုင်ငံတကာသတင်းထိုင်းမှာ တရားမဝင် အလုပ်သမားဖမ်းဆီးရေးစီမံချက် ၂၄ ရက်အတွင်း တရားမဝင်အလုပ်သမား ၈သောင်းနီးပါး ဖမ်းဆီးခံရ

ထိုင်းမှာ တရားမဝင် အလုပ်သမားဖမ်းဆီးရေးစီမံချက် ၂၄ ရက်အတွင်း တရားမဝင်အလုပ်သမား ၈သောင်းနီးပါး ဖမ်းဆီးခံရ

၁ ဇူလိုင်၊၂၀၂၄

ဇွန်လ ၅ ရက်နေ့ကစတင်တဲ့ တရားမဝင်အလုပ်သမားဖမ်းဆီးရေးစီမံချက် ရက်ပေါင်း ၁၂၀ရဲ့ အစပိုင်းကာလ ၂၄ ရက်အတွင်းမှာ နိုင်ငံခြားသား တရားမဝင်အလုပ်သမား ၈၀၀၀၀ နီးပါး ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက သတင်းထုတ်ပြန်နိုင်ပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့ ၊ ထိုင်းအလုပ်သမားဝန်ကြီးဌာနဲ့ ရဲတပ်ဖွဲ့ဝင်များစုပေါင်းပြီး တရားမဝင်အလုပ်သမားတွေအများဆုံးရှိတဲ့နေရာ ၂၀၃ ခုက တရားမဝင် ရွှေ့ပြောင်းနေထိုင်တဲ့ လုပ်သား ၇၈၀၀၀ ဝန်းကျင် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ထဲမှာ မြန်မာနိုင်ငံက အလုပ်သမား ၅၈၈၆၈ဦး ပါဝင်ပါတယ်။ အခုဖမ်းဆီးခံရတဲ့ထဲက မြန်မာအလုပ်သမား ၃၅၂ ဦးကိုတော့ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးရရှိရင် အလုပ်သမားဘက်က ဒဏ်ငွေ ဘတ်၅၀၀၀ မှ ၅၀၀၀၀ အထိ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီး နေရပ်ကို ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။

နိုင်ငံသားအကျိုးစီးပွားကို ကာကွယ်သည့် အနေဖြင့် ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့် ရှိပြီး နိုင်ငံခြားသားအလုပ်သမားများ လုပ်ကိုင် ခွင့်မရှိသော အလုပ်အမျိုးအစား၌ လုပ်ကိုင် နေသူများနှင့် အလုပ်လုပ်ကိုင်ခွင့် Work Permit မရှိသည့် အထောက်အထားမဲ့ အလုပ် သမားများကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ အလုပ်သမားမှ ဒဏ်ငွေပေး ဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ပြန်ပို့ခံရခြင်း နှင့်အတူ အလုပ်လုပ်ကိုင်ခွင့်နှစ်နှစ် ပိတ်ခံရ မည်ဖြစ်ကြောင်း သိရသည်။

တရားမဝင်အလုပ်သမားကို ခန့်ထားတဲ့ အလုပ်ရှင်ကို ပထမဆုံးအကြိမ်မိပါက ဘတ် ၁၀၀၀၀ က ဘတ် ၁၀၀၀၀၀ ထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပြီး နောက်တကြိမ် ထပ်မိပါက ဘတ်ငွေ ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိ ပေးဆောင်ရမှာ ဖြစ်ပြီး ထောင်ဒဏ်လဲ တစ်နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ work permit ရထားတဲ့ ရွှေ့ပြောင်းအလုပ်သမားအရေအတွက် ၈၁၃၈၆၉ ဦး မြန်မာ ၆၇၆၅၁၅ ဦး ၊ ကမောဒီးယား ၁၀၃၄၄၂ ဦး ၊ လာအို ၃၁၁၇၀ဦး ၊ ဗီယက်နမ် ၂၇၄၂ ဦး ရှိနေတယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီး ဌာနက ကြေညာထားပါတယ်။

Photo – The Thaiger

ဆက်စပ် သတင်းများ

Most read