Homeပြည်တွင်းသတင်းထိုင်းမှာ ကာလတို သင်တန်းတက်နေတဲ့ မြန်မာကျောင်းသားတွေကို Passport သက်တမ်းတိုးမပေးတော့ဘူးလို့ မြန်မာသံရုံးကြေညာ

ထိုင်းမှာ ကာလတို သင်တန်းတက်နေတဲ့ မြန်မာကျောင်းသားတွေကို Passport သက်တမ်းတိုးမပေးတော့ဘူးလို့ မြန်မာသံရုံးကြေညာ

၁၂ စက်တင်ဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ Language School လို့ ခေါ်တဲ့ ကာလတို ဘာသာစကားသင်တန်းတွေ တက်ရောက်နေတဲ့ မြန်မာကျောင်းသားတွေကို PE type နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးတော့မှာမဟုတ်ဘူးလို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက စက်တင်ဘာ ၁၂ ရက် ဒီနေ့မှာ ကြေညာပါတယ်။

ထိုင်းနိုင်ငံမှာနေထိုင်ပြီး ထိုင်းဘာသာစကားသင်တန်း(ကာလတို) (Certificate Program in Thai Language), ဆရာများအတွက် အင်္ဂလိပ်စာသင်တန်း (ကာလတို) (Teaching English for Teachers-TET) စတဲ့ သင်တန်းတွေကို Non-ED Visa ရယူပြီး Virtual format ပုံစံနဲ့ တက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူတွေ အလွန်များပြားလာတဲ့ အတွက် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၆ ရက် ကစပြီး PE type နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးတော့မှာမဟုတ်ဘူးလို့ ကြေညာတာပါ။

ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးနဲ့ ချင်းမိုင်မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၂ နေရာလုံးမှာ သက်တမ်းတိုးပေးမှာ မဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကို ရှောင်တိမ်းနေတဲ့ လူငယ်တွေအတွက် စစ်ကောင်စီက တမင်လုပ်ဆောင်တာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

“တမင်ကြပ်ချင်လို့ လုပ်တာပေါ့ဗျာ။ သူတို့ က စစ်ရှုံးနေတော့ လူငယ်တွေကို ပြည်ပထွက်ခွာခွင့်ပိတ်ပင်တယ်။ ရောက်နှင့်ပြီးသား လူငယ်တွေကို လည်း အမျိုးမျိုး ဖိအားတွေ ပေးနေတာပေါ့။”လို့ ထိုင်းနိုင်ငံမှာ ကာလတို သင်တန်းတက်ရောက်နေသူ တဦးက New Day Myanmar ကိုပြောပါတယ်။

သံရုံးရဲ့ ကြေညာချက်ထဲမှာ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ ဘွဲ့ကြို၊ ဘွဲ့လွန် (Undergraduate, Postgraduate) (ကာလရှည်) တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ Primary နဲ့ Secondary တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို Passport for Education (PE) လဲလှယ်တာ အရင်ကလိုပဲ ဆက်လုပ်ပေးသွားမယ်လို့ ပါရှိပါတယ်။

ဆက်စပ် သတင်းများ

Most read