Homeပြည်တွင်းသတင်းထိုင်းမြောက်ပိုင်းမှာ မြစ်ရေ ညစ်ညမ်းမှုအပေါ် မြန်မာဘက်က တုံ့ပြန်မှု ထိုင်းအစိုးရစောင့်ဆိုင်းနေ

ထိုင်းမြောက်ပိုင်းမှာ မြစ်ရေ ညစ်ညမ်းမှုအပေါ် မြန်မာဘက်က တုံ့ပြန်မှု ထိုင်းအစိုးရစောင့်ဆိုင်းနေ

၁၁ ဇွန်၊ ၂၀၂၅

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်က “ဝ”အုပ်ချုပ်ဒေသအတွင်း သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်း-မြန်မာနယ်စပ်က ကော့မြစ်နဲ့ စိုင်းမြစ်တွေမှာ ခဲနဲ့ အာဆင်းနစ် ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာကို ဖြေရှင်းဖို့ အတွက် မြန်မာဘက်က တုန့်ပြန်မှုကို ထိုင်းအစိုးရက စောင့်ဆိုင်းနေတယ်လို့ ထိုင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Theerarat Samrejvanich က ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ ရေမျက်နှာပြင်အရည်အသွေး မြှင့်တင်ရေးအထူးဆပ်ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး၊ မြစ်ရေညစ်ညမ်းမှုအပေါ် တုံ့ပြန်နိုင်ရေးအတွက် မြန်မာအစိုးရထံကို တရားဝင်စာတစ်စောင် ပေးပို့ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီ ကော်မတီက မြန်မာဘက်က တုံ့ပြန်မှုအပေါ်မူတည်ပြီး အစည်းအဝေးတခုပြုလုပ်သွားဖို့လည်းရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်များက ကော့မြစ်တွင် ရေအောက်အနည်အနှစ်အတားအဆီးများဆိုင်ရာ ဒီဇိုင်းရေးဆွဲမှုကို ပြီးစီးထားပြီး၊ စီမံကိန်းအတွက် လိုအပ်တဲ့ ဘတ်ဂျက်ကို အမျိုးသား ရေအရင်းအမြစ်ရုံး (ONWR) ထံ တင်ပြသွားမှာဖြစ်ပါတယ်။

ထိုင်းမြောက်ပိုင်းဒေသခံတွေကလည်း မြစ်ရေညစ်ညမ်းမှုအတွက် “ဝ”တပ်ဖွဲ့ ထိန်းချုပ်ဒေသအတွင်း တရုတ်ကုမ္ပဏီတွေ ဆောင်ရွက်နေတဲ့ သတ္တုတူးဖော်မှုပြဿနာတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။

ဓါတ်ပုံ – Bangkok Post

ဆက်စပ် သတင်းများ

Most read