Homeပြည်တွင်းသတင်းထိုင်းမြန်မာနယ်စပ်က စစ်စခန်းကို KNLA တိုက်ခိုက်၊ ဒေသခံပြည်သူ၁၀၀ ဝန်းကျင် ထိုင်းဘက် ထွက်ပြေး

ထိုင်းမြန်မာနယ်စပ်က စစ်စခန်းကို KNLA တိုက်ခိုက်၊ ဒေသခံပြည်သူ၁၀၀ ဝန်းကျင် ထိုင်းဘက် ထွက်ပြေး

၂၇ ဖေဖော်ဝါရီ၊ ၂၀၂၅

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်က ခလရ ၃၁ တပ်ရင်းရဲ့ ပူလူတူစစ်စခန်း ကို KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ပြည်သူ ၁၀၀ ဝန်းကျင် ထိုင်းဘက်ကို ထွက်ပြေးလာကြပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာ KNLA တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်ကကော လေကြောင်းက F 16 တိုက်လေယာဉ်တွေနဲ့ပါ အပြင်းအထန် ခုခံနေပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက F 16 တိုက်လေယာဉ်တွေဟာ ထိုင်းလေပိုင်နက်ထဲကို ကျော်လာတဲ့အတွက် ထိုင်းစစ်တပ်ကလည်း တိုက်လေယာဉ်တွေ စေလွှတ်ပြီး ကင်းလှည့်စောင့်ကြည့်နေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြနေကြပါတယ်။

ထိုင်းနိုင်ငံ၊ တာ့ခရိုင်ထဲကို ဝင်ရောက်လာတဲ့ ဒေသခံ ကရင်၊ မြန်မာတွေကို ထိုင်းစစ်တပ်က လူသားချင်းစာနာမှုအကူအညီအနေနဲ့ ယာယီခိုလှုံစရာပေးထားတယ်လို့ ထိုင်းနယ်စပ်က ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ – Khaosod

ဆက်စပ် သတင်းများ

Most read