ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့မယ်တော်ကြီးဖြစ်သူ မိဖုရားကြီး သီရိခေတ်ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြေညာချက်ကို ထိုင်းပြည်သူတွေက ထောက်ခံကြိုဆိုတာကို တွေ့ရပါတယ်။
မိဖုရားကြီး သီရိခေတ်ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးက ဒီကနေ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီကြေညာချက်မှာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးတွေဟာ ထိုင်းဓလေ့ ထုံးတမ်းတွေကို လိုက်နာကြပြီး ထိုင်းလူမျိုးများနဲ့ အတူ ဝမ်းနည်းပူဆွေးကြဖို့မြန်မာလူထုကို တောင်းဆိုထားတာဖြစ်ပါတယ်။
အဲဒီ ကြေညာချက်ကို ထိုင်းမီဒီယာကြီးဖြစ်တဲ့ Khaosod သတင်းကပြန်လည်ဖော်ပြရာမှာ ထိုင်းပြည်သူအမြောက်အများက အိမ်နီးချင်းကောင်း မြန်မာတွေကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာ နိုင်ငံအမြန်အေးချမ်းပါစေလို့ မှတ်ချက်ပြုပြန်လည်ရေးသားထားကြတာကိုလည်း မြင်တွေ့ရပါတယ်။
မိဖုရားကြီး သီရိခေတ်ဟာ သက်တော် ၉၃ နှစ်ဟာ အောက်တိုဘာ ၂၄ ရက် ထိုင်းစံတော်ချိန် ည ၉ နာရီ ၂၁ မိနစ်က ကံကုန်အနိစ္စရောက်သွားတယ်လို့ သိရပါတယ်။
ဒါကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလကို တစ်နှစ် သတ်မှတ်လိုက်ပြီး ရုပ်အလောင်းကို တော်ဝင်နန်းတော်ထဲက ဒူးဆစ် မဟာပရာဆတ် သလွန်ဆောင်မှာ ဂါရဝပြုခံမယ်လို့ ထိုင်းတော်ဝင်ဘုရင့်အိမ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
#ထိုင်းဘုရင်မင်းမြတ်#မယ်တော်#ကွယ်လွန်ခြင်း#NUGကြေညာချက်#ထိုင်းပြည်ထောက်ခံကြိုဆို


