Homeအထူးသတင်းထိုင်းဘုရင်မင်းမြတ်က မွေးနေ့ပွဲ အခမ်း အနားတွေကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်

ထိုင်းဘုရင်မင်းမြတ်က မွေးနေ့ပွဲ အခမ်း အနားတွေကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်

၂၇ ဇူလိုင် ၂၀၂၅

ထိုင်း ဘုရင်မင်းမြတ်က သူရဲ့မွေးနေ့ပွဲအခမ်းအနားတွေကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်လိုက်တယ်လို့ Bangkok post သတင်းဖော်ပြချက်အရ သိရပါတယ်။

ဒါဟာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထိုင်းဘုရင်မင်းမြတ်နဲ့ ကြင်ယာတော်တို့က ဘုရင့်မွေးနေ့တော် အခမ်းအနားတွေကိုဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

ဇူလိုင်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ဘန်ကောက်ရဲ့ Grand Palace ထဲက Amarin Winitchai ရာဇပလ္လင်ခန်းမမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့်ဒီဆုံးဖြတ် ချက်ဟာ တိုင်းပြည်ရဲ့ အရေးကို ရှေ့ညတန်းတင်တဲ့ ဘုရင်မင်းမြတ်ရဲ့ စိတ်ရင်းစေတနာကို ပြသလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဘုရင့်မွေးနေ့ပွဲဖျက်သိမ်းပေမယ့် ပြည်သူတွေအနေနဲ့ သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သနိုင်မယ့် အစီအစဉ်တွေရှိနေမယ့်အပြင် Grand Palace ထဲက Sahathai Sama khom ခန်းမမှာ ဆုတောင်းစာအုပ်တွေ လက်မှတ်ရေးထိုးတာကို အရင်အတိုင်း ပြုလုပ်နိုင်မှာဖြစ်သလို၊ အွန်လိုင်းကနေတစ်ဆင့်လည်း ဆုတောင်းစကားတွေ ရေးသားနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Prasad Phra Thepbidon တော်ဝင်နတ်ကွန်းကိုလည်း ပြည်သူတွေ သွားရောက်ပြီး ရိုးရာအစဉ်အလာအ တိုင်း ဂါရဝပြုနိုင်ဖို့ ဖွင့်လှစ်ပေးထားမယ်လို့ သိရပါတယ်။

ထိုင်းဘုရင်မင်းမြတ်ဟာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတွေဆီကို ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့သလို၊ နယ်စပ်အနီးက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ပြည်သူတွေအတွက်လည်း စားနပ် ရိက္ခာ အကူအညီတွေကို စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Bangkokpost

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး