Homeနိုင်ငံတကာသတင်းထိုင်းဘုရင့် မယ်တော်မိဖုရားကြီးသီရိခေတ် ကံတော်ကုန်

ထိုင်းဘုရင့် မယ်တော်မိဖုရားကြီးသီရိခေတ် ကံတော်ကုန်

၂၅ အောက်တိုဘာ ၂၀၂၅

ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့ မယ်တော်ကြီးဖြစ်သူ မိဖုရားကြီး သီရိခေတ်၊ သက်တော် ၉၃ နှစ်ဟာ အောက်တိုဘာ ၂၄ ရက် ထိုင်းစံတော်ချိန် ည ၉ နာရီ ၂၁ မိနစ်က ကံကုန်အနိစ္စရောက်သွားတယ်လို့ သိရပါတယ်။

ဒါကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလကို တစ်နှစ် သတ်မှတ်လိုက်ပြီး ရုပ်အလောင်းကို တော်ဝင်နန်းတော်ထဲက ဒူးဆစ် မဟာပရာဆတ် သလွန်ဆောင်မှာ ဂါရဝပြုခံမယ်လို့ ထိုင်း တော်ဝင်ဘုရင့်အိမ်တော်က သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး