၅ မတ်၊ ၂၀၂၅
ထိုင်းနဲ့ မလေးရှားနိုင်ငံရောက် မြန်မာတွေကို နေရပ်ပြန်မပို့ဖို့ အတွက် လန်ဒန်မှာရှိတဲ့ ထိုင်းနဲ့ မလေးရှား သံရုံးတွေရှေ့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေကို မတ်လ ၄ ရက်က ဆန္ဒပြတောင်ဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံကို ပြန်ပို့တာဟာ စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးသလိုဖြစ်နေပြီး ပြန်ပို့ခံရသူတွေဟာ တပ်သားသစ်အဖြစ် စုဆောင်းခံနေရတာကြောင့် ခုလို ပြန်မပို့ဖို့ အတွက် သက်ဆိုင်ရာ သံရုံးတွေကို တောင်းဆိိုရတာဖြစ်တယ်လို့ ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။
ထိုင်းနဲ့ မလေးရှား အာဏာပိုင်တွေ အနေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ အညီ မြန်မာရွေ့ပြောင်းလုပ်သားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာ၊လုံခြုံရေး အခြေအနေစိုးရိမ်ရတာတွေကို ကာကွယ်ပေးဖို့ လည်းတောင်းဆိုခဲဲ့ကြပါတယ်။
အဲ့ဒီ ဆန္ဒပြပွဲကို Stars of Myanmar Friendship အဖွဲ့ကဦးဆောင်တာဖြစ်ပြီး ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ရာနီးပါးပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
Photo – Stars of Myanmar Friendship