နှစ်နိုင်ငံနယ်စပ်ပိုင်နက်နဲ့ပတ်သက်လို့ အငြင်းပွားရာကတဆင့် ပစ်ခတ်တိုက်ခိုက်မှုတွေပါ ဖြစ်လာတဲ့ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ဒီကနေ့ ဒီဇင်ဘာ ၂၇ရက် မနက် ၁၀နာရီအချိန်ကစလို့ ၇၂ နာရီကြာ အပစ်ရပ်ရေးသဘောတူ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။
နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတွေဟာ ဒီကနေ့ မွန်းလွဲ ၁၂နာရီကနေစပြီးအပစ်ရပ်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
နှစ်နိုင်ငံအကြား အပစ်ရပ်လက်မှတ်ထိုးပွဲကို ထိုင်းနိုင်ငံ ချန်တပူရီခရိုင်ထဲက ဘန်ဖက်ခက်နယ်စပ်ဂိတ်မှာ ပြုလုပ်တဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကော်မတီအ စည်းအဝေးအပြီးမှာ ရေးထိုးကြတာဘဲဖြစ်ပါတယ်။
နှစ်နိုင်ငံ သဘောတူချက်အရ ကမ္ဘော ဒီးယားစစ်သား ၁၈ ဦးကို ထိုင်းဘက်က ပြန်လွှဲပေးဖို့ သဘောတူတာကြောင့် ကမ္ဘော ဒီးယားဘက်ကလည်း ၇၂ နာရီအပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့ကြတာလို့ ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
အပစ်ရပ်ဖို့နဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတဲ့ အောက်တိုဘာ ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ ကွာလာလမ်ပူသဘောတူညီချက်အရ ဒီလို ၇၂ နာရီအပစ်ရပ်သဘောတူညီချက် ဖြစ်ပေါ် လာတာလို့လည်း သိရပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၉ ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံ၊ ကူမင်းမှာ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဝမ်ယိနဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့လည်း ဝန် ကြီးချုပ်က ပြောထားပါတယ်။
ဓာတ်ပုံ- Matichon


