၂၄ ဇူလိုင် ၂၀၂၅
ထိုင်းနဲ့ ကမ္ဘောဒီးယားန်ုင်ငံတွေရဲ့ပဋိပက္ခဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း စစ်ကောင်စီရဲ့ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်းမှာ ပြောကြားခဲ့ပါတယ်။
“ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများဖြစ်ပါတယ်။ အာဆီယံမိသားစုဝင်များလည်းဖြစ်ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားတို့က ပဋိပက္ခကို ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မြန်မာနိုင်ငံအနေနဲ့ ယုံကြည်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားခဲ့တာပါ။”လို့ပြောသွားခဲ့တာပါ။
ဒီလိုဖြေကြားရတာဟာ မီဒီယာတွေကမေးမြန်းနေကြတဲ့အတွက် မြန်မာနိုင်ငံရဲ့သဘောထားအမြင်ကိုပြောကြားတာဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒါအပြင် အဲဒိထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ကောင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့လုံခြုံရေးကို ဂရုပြုကြဖို့နဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တစ် ခုခုအခက်အခဲရှိရင်သက်ဆိုင်ရာမြန်မာသံရုံး စစ်သံရုံးတွေကနေတဆင့် အကူ အညီတောင်းခံနိုင်တယ်လို့လည်း သူက ထပ်မံ ပြောသွားခဲ့ပါတယ်။
ဓာတ်ပုံ-MRTV


