Homeနိုင်ငံတကာသတင်းထိုင်းနဲ့ ကမ္ဘာဒီးယားနယ်စပ်မှာတိုက်ပွဲဖြစ်ပွားမှု အပြန်အလှန်စွပ်စွဲနေ

ထိုင်းနဲ့ ကမ္ဘာဒီးယားနယ်စပ်မှာတိုက်ပွဲဖြစ်ပွားမှု အပြန်အလှန်စွပ်စွဲနေ

၂၄ ဇူလိုင် ၂၀၂၅

ထိုင်းနဲ့ ကမ္ဘာဒီးယားနယ်စပ်မှာ ဒီကနေ့ ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီအချိန် တိုက် ပွဲဖြစ်ပွားခဲ့ရာ စတင်ပစ်ခတ်တဲ့အခြေအနေအပေါ် အပြန်အလှန်စွပ်စွဲတာမျိုးရှိနေတယ်လို့ ထိုင်းဘုရင့်တပ်မတော်ဘက် ပြောထားပါတယ်။

ကမ္ဘောဒီးယားဘက်က နှစ်နိုင်ငံနယ်စပ်ဆူရင်ခရိုင်မှာရှိတဲ့ ထိုင်းစစ်အခြေစိုက်စခန်းတစ်ခုကို ပစ်ခတ်ခဲ့ပြီး မြို့အတွင်းကိုလည်း ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီကနေ့ နံနက် နှစ်နိုင်ငံအပြန်အလှန်ပစ်ခတ်တာတွေကြောင့် ထိုင်းပြည်သူ ၂ ဦးသေဆုံးကာ နေအိမ်တွေပျက်စီးခဲ့တယ်လို့ ထိုင်းသတင်းများမှာဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ၊ ဆူရင်ခရိုင်မှာရှိတဲ့ Ta Muen Thom ဘုရားကျောင်း အပျက်အစီးရှေ့မှာကမ္ဘောဒီးယား မောင်းသူမဲ့ လေယာဉ်တစ်စင်းက ပျံဝဲခဲ့‌နေတာ၊ ကမ္ဘောဒီးယားစစ်သား ၆ ဦးက RPG လက်နက်အပါ အဝင် လက်နက်အပြည့်အစုံနဲ့ထိုင်းစစ် တပ်အခြေစိုက်စခန်းရှိ သံဆူးကြိုးစည်း ရိုးအထိ ချဉ်းကပ်လာပြီး အော်ဟစ်ဆူပူခဲ့ကြတယ်လို့ သိရပါတယ်။

ဒါအပြင် ကမ္ဘောဒီးယားစစ်တပ်က Ta Muen Thom ဘုရားကျောင်း အနီးမှာရှိ တဲ့ ထိုင်းစစ်တပ်ရဲ့ မူးပါစစ်စခန်းကိုကမ္ဘောဒီယားစစ်တပ်က စတင်ပစ်ခတ်ခဲ့တာကြောင့် ထိုင်းစစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ နှစ်နိုင်ငံသံတမန်တွေကို အပြန်အလှန် ခေါ်ယူတွေ့ဆုံနေကြပြီးသံတမန်ရေးနဲ့ စစ်ရေးမှာ အတင်းမာဆုံးအခြေအနေ ရောက်ရှိနေတယ်လို့ ကနဦးသိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး