Homeနိုင်ငံတကာသတင်းထိုင်းနိုင်ငံ လန်ဖွန်းဒေသမှာ စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော်ဖမ်းမိ ဆယ်နှစ်ကျော်ကာလ အတွင်းအကြီးမားဆုံး ဖမ်းဆီးရရှိမှုဖြစ်ကြောင်း ရဲတပ်ဖွဲ့ဆို

ထိုင်းနိုင်ငံ လန်ဖွန်းဒေသမှာ စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော်ဖမ်းမိ ဆယ်နှစ်ကျော်ကာလ အတွင်းအကြီးမားဆုံး ဖမ်းဆီးရရှိမှုဖြစ်ကြောင်း ရဲတပ်ဖွဲ့ဆို

၁၅ ဇွန်၊၂၀၂၄

ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ဖွန်းဒေသ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ပျားမွေးမြူရေးသေတ္တာတွေနဲ့ သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား မူးယစ်ဆေးဝါး (၁၂)သန်းကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးတွေကို ပျားမွေးမြူရေးသေတ္တာတွေနဲ့ သယ်ဆောင်လာတဲ့မော်တော်ယာဉ်ကို လန်ဖွန်းမြိုနယ်အတွင်းက ဝမ်ဒင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ပူးပေါင်းအဖွဲက စစ်ဆေးမှုတွေ ပြုလုပ် ရာက ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပူးပေါင်းအဖွဲက ပျားမွေးမြူရေးသေတ္တာတွေကို ဖွင့်ဖောက်စစ်ဆေးကြည့်ရာမှ စိတ်ကြွရူးသွပ် ဆေး ပြား မူးယစ်ဆေးဝါးတွေထည့်ထားတဲ့ အထုတ်ပေါင်း (၁၂၀)ကို တွေ့ရှိခဲ့တာဖြစ်ပြီး အထုတ်တွေ အတွင်း မှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၂)သန်းကျော် တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကားကိုမောင်းလာသူတွေမှာ ထိုင်းလူမျိုးတွေဖြစ်တဲ့ အသက်(၃၇)နှစ်အရွယ် ချန်နရွန် နဲ့ အသက်(၄၉)နှစ်အရွယ် စရာဝတ် တို့ဖြစ်ကြောင်းသိရပြီး ၎င်းတို့နှစ်ဦးကို ဖမ်းဆီးထားပြီး မူးယစ်ဆေး ဝါးမှောင်ခိုဂိုဏ်တွေကို ဖော်ထုတ်ရမိရေးအတွက် ဆက်လက်စစ်ဆေးမှုတွေလုပ်ဆောင်လျှက်ရှိ တယ် လို့လည်း သတင်းတွေမှာဖော်ပြထားပါတယ်။

ကနဦး စစ်ဆေးချက်တွေအရ အဆိုပါမူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံအလယ်ပိုင်း စင်ဘူရီပြည် နယ်အတွင်းက မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေနဲ့ ဆက်စပ်ဖွယ်ရှိကြောင်းနဲ့ သံသယရှိသူတွေကို စစ်ဆေးလျှက်ရှိပြီး လက်ရှိဖမ်းဆီရမိမှုမှာ ဆယ်နှစ်ကျော်ကာလအတွင်း အများဆုံးဖမ်း ဆီးရမိခဲ့ တာဖြစ်တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo-Khaosod

ဆက်စပ် သတင်းများ

Most read