Homeပြည်တွင်းသတင်းထိုင်းနိုင်ငံ မဲ့လမတ်မြို့ထဲကို မြန်မာစစ်တပ်ဘက်က ပစ်လိုက်တဲ့ ကာမီကာဇေအသေခံဒရုန်းတစ်စင်း ကျရောက်

ထိုင်းနိုင်ငံ မဲ့လမတ်မြို့ထဲကို မြန်မာစစ်တပ်ဘက်က ပစ်လိုက်တဲ့ ကာမီကာဇေအသေခံဒရုန်းတစ်စင်း ကျရောက်

၂၁ ဒီဇင်ဘာ ၂၀၂၅

ထိုင်းနိုင်ငံ မဲ့လမတ်မြို့ထဲကို မြန်မာစစ် တပ်ဘက်က ပစ်လွှတ်လိုက်တဲ့ကာမီကာဇေအသေခံဒရုန်းတစ်စင်း ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းမှာကျရောက်ခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းရင်းမြစ်တွေ ဆီကနေ သိရပါတယ်။

အဲ့ဒီကျရောက်ခဲ့တဲ့ ဒရုန်းဟာ မဲ့လမတ်မြို့ ရပ်ကွက် ၆ ထဲမှာရှိတဲ့ ကြံခင်းထဲမှာ ကျရောက်နေတာဖြစ်ပြီး၊ ‌ကြံခင်းပိုင်ရှင်က ကျေးရွာလူကြီးထံကို သတင်းပို့ခဲ့ပြီးနောက် ထိုင်းရဲ၊ ထိုင်းစစ်တပ်၊ မြို့လုံခြုံ ရေးနဲ့ EOD တပ်ဖွဲ့တို့က သွားရောက်စစ် ဆေးပြီး ကျွမ်းကျင်သူတွေက ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီဒရုန်းမှာ တရုတ်စာတွေပါပြီး ဒါဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ် အိမ်နီးချင်းနိုင်ငံဘက်ကနေ ကျူးကျော်ရောက်လာတဲ့ ဒရုန်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက ကနဦး သုံးသပ်ထားပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ကောင်စီတပ်ဘက်က ပစ်လွှတ်လိုက်တဲ့ ကာမီကာဇေ မောင်းသူမဲ့ ဒရုန်းတွေဟာ ထိုင်းပိုင်နက်ကို မကြာခဏဆိုသလို ကျရောက်လေ့ရှိပြီး KNU ဌာနချုပ်ကိုလည်း ကျရောက် ပေါက်ကွဲတာတွေရှိသလို ပြီးခဲ့တဲ့ရက် ပိုင်းကတော့ DKBA စစ်ရေးချုပ်အိမ်ကို ကျရောက်ခဲ့တာမျိူတွေရှိခဲ့ပါသေးတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး