Homeပြည်တွင်းသတင်းထိုင်းနိုင်ငံ မဟာချိုင်ရောက် တစ်လကြာအလုပ်လက်မဲ့ဖြစ်နေတဲ့ MOU လုပ်သား ၅၀ အတွက် အလုပ်အကိုင် ရရှိရေး NUG အလုပ်သမားရေးဝန်ကြီးဌာန ညှိနှိုင်းဆောင်ရွက်

ထိုင်းနိုင်ငံ မဟာချိုင်ရောက် တစ်လကြာအလုပ်လက်မဲ့ဖြစ်နေတဲ့ MOU လုပ်သား ၅၀ အတွက် အလုပ်အကိုင် ရရှိရေး NUG အလုပ်သမားရေးဝန်ကြီးဌာန ညှိနှိုင်းဆောင်ရွက်

၁၃ နိုဝင်ဘာ၊၂၀၂၄

ထိုင်းနိုင်ငံ မဟာချိုင်ကိုရောက်ရှိနေသည်မှာ တစ်လကြာမြင့်ပြီဖြစ်ပေမယ့် အလုပ်အကိုင်မရှိဖြစ်နေတဲ့ မြန်မာ MOU အလုပ်သမား ၅၀ အတွက်အလုပ်အကိုင်ရရှိရေး NUG အလုပ်သမားရေးဝန်ကြီးဌာနမှညှိနှိုင်း ဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ မဟာချိုင် (အုန်းရိုင်)မှာ ရောက်ရှိနေတဲ့ မြန်မာ MOU အလုပ်သမား အမျိုးသမီး (၂၅) ယောက် နဲ့ အမျိုးသား (၂၅) ယောက် စုစုပေါင်း အယောက် (၅၀) မှာ အေဂျင်စီတစ်ခု နဲ့ ပထုံဌာနီကို ရောက်ရှိလာကာ ဆောက်လုပ်ရေး အလုပ်မရတာကြောင့် ငါးသေတ္တာရုံ ထည့်ပေးမယ်လို့ အေဂျင်စီ မှ ပြောဆိုခေါ်ဆောင် တာကြောင့် မဟာချိုင်(အုန်းရိုင်) ကို ၂၁.၉.၂၀၂၄ ရက်နေ့ မှာ ရောက်ရှိနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေဟာ ၎င်းတို့ပိုက်ဆံနဲ့ အခန်းတွေ ငှားရပြီး အေဂျင်စီ ထည့်ပေးမည့်အလုပ်ကို စောင့်လာ ခဲ့တာမှာ ( ၁ ) လ ကြာမြင့်ပြီဖြစ်ပေမယ့် အလုပ်မရရှိသေးတာကြောင့် တိုင်ကြားလာ တာဖြစ်တယ်လို့လည်း သိရပါတယ်။

ထို့နောက် အလုပ်သမားတွေနဲ့ သွားရောက်တွေ့ဆုံပြီး အေဂျင်စီဘက်မှ ကိုယ်စားလှယ်အားခေါ်ယူကာ ညှိနှိုင်း ခဲ့ရာ အေဂျင်စီမှအလုပ်သမားများအား (၁၄)ရက်အတွင်း မဟာချိုင်ရှိ ငါးသေတ္တာစက်ရုံ တစ်ရုံတွင် အလုပ်သွင်း ပေးမည် ဖြစ်ကြောင်းနဲ့ သက်မှတ်ရက် အလုပ်မဆင်းရပါက စမတ်ကြေးငွေနဲ့ ဘိုင်ကျန့်အော့ကို ပြန်ထုတ်ပေးဖို့ အေဂျင်စီနဲ့ အလုပ်သမားကြား သဘောတူညီမှုရရှိခဲ့တဲ့အထိ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါ တယ်။

ပုံစာ – မဟာချိုင်(အုန်းရိုင်) မှာ ရောက်ရှိနေတဲ့ မြန်မာ MOU အလုပ်သမားများ

Photo – NUG အလုပ်သမားဝန်ကြီးဌာန

ဆက်စပ် သတင်းများ

Most read