Homeနိုင်ငံတကာသတင်းထိုင်းနိုင်ငံ၊ တာ့ခရိုင် အုန်းဖန်မြို့ မှာ ဖျော်ဖြေပွဲလုပ်နေစဉ် ဗုံးဖြင့်ဖောက်ခွဲ့ခံရ လူ ၃ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ တာ့ခရိုင် အုန်းဖန်မြို့ မှာ ဖျော်ဖြေပွဲလုပ်နေစဉ် ဗုံးဖြင့်ဖောက်ခွဲ့ခံရ လူ ၃ ဦးသေဆုံး

၁၄ ဒီဇင်ဘာ၊၂၀၂၄

မြန်မာနဲ့ ကရင်တိုင်းရင်းသားအများအပြား နေထိုင်တဲ့ ထိုင်းနိုင်ငံ တာ့ခရိုင် အုန်းဖန်မြို့မှာ ဖျော်ဖြေပွဲပြု လုပ်နေစဉ် ဗုံးနဲ့ဖောက်ခွဲခံရပြီး ၃ ဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရ ရရှိခဲ့တယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။

ထိုင်းအခြေဆိုက်သတင်းတွေမှာဖော်ပြမှုအရ ယမန်နေ့ည ပေါက်ကွဲမှုမှာ ဆယ်ကျော်သက် လူငယ်အုပ် စုနှစ်ခုအကြား အချင်းချင်း အပြန်အလှန် တိုက်ခိုက်ကြရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း ဒုဝန်ကြီးချုပ် Phumtham Wechayachai မှ ပြောဆိုထားတယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်က အဆိုပါဖြစ်စဉ်တွင် သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရရှိသူတွေအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ အဆိုပါဖြစ်အား ကျူးလွန်သူကို စုံစမ်းဖော်ထုတ်ဖို့နဲ့ ယခုလို လူထုတက်ရောက်တဲ့ ပွဲတော်တွေမှာ ရဲလုံခြုံရေးတွေကို ပြည်သူလူထု ဘေးကင်းရေးအတွက် တိုးမြှင့်ချထားဖို့ ညွှန်ကြား ထားတယ်လို့လည်း သိရပါတယ်။

Photo – Forward Channel

ဆက်စပ် သတင်းများ

Most read