ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင် မဟာချိုင်မြို့နယ်မှာ မြန်မာများအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ R.C နန်းတော်လို့ လူသိများတဲ့ အပန်းဖြေ ဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် လုပ်ငန်းလုပ်ဆောင်မှုတွေနဲ့အတူ လက်နက်၊ မူး ယစ်ဆေးဝါးတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။
ဧပြီလ ၂၈ ရက်နေ့ မနေ့က မနက်ပိုင်းက အဆိုပါနေရာကို ထိုင်းအာဏာပိုင်တွေပါတဲ့ ဌာနပေါင်းစုံအဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အဆိုပါနေရာမှာ ဘား၊ စား သောက်ဆိုင်၊ ကာရာအိုကေ၊ ဘိလက်ယက်ခုံတွေ လုပ်ကိုင်နေတဲ့အပြင် လက်နက်၊မူးယစ်ဆေးဝါးတွေကိုပါ ဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်
အဆိုပါ ဖမ်းဆီးမှုကို မြန်မာအမျိုးသမီးတစ်ဦးက သတင်းပေး တိုင်ကြားချက်ကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့ တာဖြစ်တယ်လို့ သိရပြီး ထိုင်းရောက်မြန်မာတွေအနေနဲ့ ယခုလို ခွင့်ပြုချက်မရှိဘဲ အပန်းဖြေ ဖျော်ဖြေရေးလုပ်ငန်းတွေ ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိတာကြောင် ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – Khasod