Homeနိုင်ငံတကာသတင်းထိုင်းနိုင်ငံ၊ ကော့ဖကန်ကျွန်းမှာ ပတ်ဝန်းကျင်ကတိုင်ကြားလို့ဝင်စစ်ရာကနေ မူးယစ်ဆေးသုံးနေတဲ့ မြန်မာနိုင်ငံသား ၅ ဦးဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ကော့ဖကန်ကျွန်းမှာ ပတ်ဝန်းကျင်ကတိုင်ကြားလို့ဝင်စစ်ရာကနေ မူးယစ်ဆေးသုံးနေတဲ့ မြန်မာနိုင်ငံသား ၅ ဦးဖမ်းဆီးရမိ

၄ ဩဂုတ်၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ ကော့ဖကန်ကျွန်းမှာ မြန်မာနိုင်ငံသား ၅ ဦး မူးယစ်ဆေးဝါးသုံးစွဲနေတာကိုဖမ်းဆီးရမိခဲ့ပြီး ၅ ဦးအနက် ၂ ဦးမှာ Over Stay ဖြစ်နေတာကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနမှာဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်က ဆိုင်ကယ်ပြင်ဆိုင်ဖွင့်လှစ်ထားတဲ့အိမ်မှာ မြန်မာနိုင်ငံသားတွေ ဆူညံနေကြောင်းပတ်ဝန်းကျင်က တိုင်ကြားချက်အရ ရဲတပ်ဖွဲ့နဲ့လူဝင်မှုကြီးကြပ်ရေးအဖွဲ့စုံက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုဝင်ရောက်စစ်ဆေးရာမှာ မောင်မောင်နိုင်(၂၀ နှစ်)၊ နေထက်လင်း(၂၄ နှစ်)၊ မြတ်ကျော်(၂၆ နှစ်)၊ မိုးကျော်(၂၆ နှစ်)နဲ့ ရဲထိုက်ကို(၃၀ နှစ်)တို့ တရားမဝင်မူးယစ်ဆေးတွေဖြစ်တဲ့ Ice တွေသုံးစွဲနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူ ၅ ဦးအနက် မိုးကျော်ဟာ Over Stay ဖြစ်နေတာ ၈၅၄ ရက်ရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး ရဲထိုက်ကိုဟာ ရက်ပေါင်း ၁၇၀ Over Stay ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသား ၅ ဦးလုံးကို ရဲစခန်းမှာအမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read