ထိုင်းနိုင်ငံသားတစ်ဦးက မြန်မာနိုင်ငံသား တစ်ဦးကို ထိုးကြိတ်ကာဗွီဒီယိုဖိုင်တင်ပြီး လူလိမ်ဟု စွပ်စွဲခံရတဲ့အပေါ်နစ်နာသူ မြန် မာနိုင်ငံသားဘက်ကနေ M.H.A.C (မဟာ မိတ်အဖွဲ့)က ထိုင်းအလုပ်ရှင်သူဌေးနဲ့ပူး ပေါင်းကာအမှုပြီးဆုံးတဲ့အထိ ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ ယခုနှစ် ဇန်နဝါရီ ၁ ရက် ည ၉ နာရီခန့်က ပထုံဆေးရုံအနီးမှာ နစ်နာသူ မြန်မာနိုင်ငံသားကိုသားညီဟာ ဆေးဝယ်ဖို့ ထွက်လာရာမှာ ဆိုင်ကယ်ဘီးပေါက်တာကြောင့် အဲ့ဒီအနားက ဆိုင်ကယ်ပြင်ဆိုင်မှာဝင်ပြင်ခဲ့ပါတယ်။
ဆိုင်ကယ်ပြင်အပြီး ထိုင်းဘတ် ၁၄၀ ကျသင့်တာကြောင့် ကိုသားညီဘက်က ဘတ် ၁၀၀၀ တန် နှင့် ၅၀၀ တန်ကို ပေး ချေပေမယ့် ဆိုင်ကယ်ပြင်တဲ့ အမျိုးသားက အကြွေမရှိဘူးဆိုကာ အကြွေလဲပေးဖို့ ပြောတဲ့အတွက် ဆိုင်ကယ်ပြင်အပြီးစောင့်ဆိုင်းကျန်နေတဲ့ ညီမဖြစ်သူဆီမှာအကြွေသွားယူဖို့ ထွက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ထွက်လာချိန်မှာ နောက်ကနေ ကားတစ်စီး နဲ့ဆိုင်ကယ်တစ်စီး လိုက်လာပြီး ဆိုင်ကယ်ပြင်ဆိုင်က ထိုင်းအမျိုး သားက နစ်နာသူ မြန်မာနိုင်ငံသားကို ထိုးကြိတ်ပြီး ကျန်ထိုင်းနိုင်ငံသားတစ်ဦးက ဗီဒီယို ရိုက်ခဲ့ပြီးနောက် လူမှုကွန်ရင်စာမျက်နှာမှာ လူလိမ်လို့ စွပ်စွဲကာမျှဝေခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
“သူတို့က အကြွေလဲပေးဖို့ပြောတယ် ကျွန်တော်က ရှမ်းစကားကောင်းကောင်းမပြောတတ်တော့ ဈေးဆိုင်မှာ အကြွေဝင်မလဲတော့ဘဲ ဆိုင်ကင်ပြင်ဆိုင်နဲ့သိပ်မဝေးတဲ့နေရာမှာ ထားခဲ့တဲ့ ကျွန်တော့်ညီမ ဆီမှာသွားယူဖို့ထွက်လာတာကိုအနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာပြီးဆိုင်ကယ်ရပ်ခိုင်းတယ်။ကျွန်တော်လည်း လိမ်ပြေးမယ့်သူမှမဟုတ်တာအဲ့တော့ရပ်ပေး လိုက်တယ်။ ကျွန်တော့်ဆိုင်ကယ်သော့ကို ဆွဲနူတ်ယူတယ်။ ကျွန်တော်လည်း ရှမ်းစကားကောင်းကောင်းပြောတတ်တဲ့အသိအစ်မဆီဖုန်းခေါ်ပြီး ပြောခိုင်းဖို့ လုပ်နေတုန်းမှာ ကားနဲ့လိုက်လာတဲ့ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်က နားမထောင်ဘဲ တန်းထိုးတာဘဲတစ်ယောက်က ဗီဒီယိုရိုက်တယ်”လို့နစ်နာသူက M.H.A.C (မဟာ မိတ်အဖွဲ့)ကို ရှင်းပြထားပါတယ်။
နစ်နာသူ မြန်မာအမျိုးသားဟာ ဆေးရုံကနေ ဆင်းခါစအမျိုးသမီးနဲ့နှလုံးရောဂါအ ခံရှိတဲ့ တစ်လသားကလေးငယ်တို့ ထိ ခိုက်မှာစိုးရိမ်တာကြောင့် ဒီဖြစ်စဉ်ကို မပြောဘဲ နေခဲ့ပေမယ့် အဲဒီထိုးနှက်နေတဲ့ဗွီဒီယိုဖိုင်နဲ့ လူလိမ်လို့ ထိုင်းအမျိုးသားဘက်က လူမှုကွန်ရက်ကနေမျှဝေလာတာကြောင့် MHAC မဟာမိတ်အဖွဲ့ထံအကူညီတောင်းခံလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်အတွက် နစ်နာသူ မြန်မာနိုင်ငံသားဘက်ကနေ M.H.A.C (မဟာမိတ်အဖွဲ့)က ထိုင်းအလုပ်ရှင်သူဌေးနဲ့ ပူး ပေါင်းပြီးအမှုပြီးဆုံးတဲ့အထိ ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
ဓာတ်ပုံ-M.H.A.C


