၁၈ ဖေဖေါ်ဝါရီ ၊ ၂၀၂၅
ထိုင်းနိုင်ငံအတွင်းမှာအလုပ်လုပ်ကိုင်နေပြီး ထိုင်းဥပဒေနဲ့အညီမနေထိုင်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ် သမားတွေကို ရဲတပ်ဖွဲ့ဝင်တေါနပနေနဲ့ စောင့်ကြည့်ကြပ်မတ်အရေးယူဖို့ ထိုင်းရဲ့တပ်ဖွဲ့အကြီးအကဲ Kitrat Panphet က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ညွှန့်ကြားလိုက်တယ်လို့ The Nation သတင်းမှာ ဖော်ပြလာမှုအရ သိရပါတယ်။
ထိုင်းနိုင်ငံတွင်း အများပြည်သူဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊ အများပြည်သူအား အနှောင့်အယှက် ဖြစ်စေခြင်း၊ ထိုင်းနိုင်ငံရဲ့ ပုံရိပ် နဲ့ လုံခြုံရေးကို အပျက်သဘောဆောင်တဲ့ သို့မဟုတ် ဥပဒေချိုးဖေါက်တဲ့ အပြုအမူတွေပြုလုပ်ကြတဲ့ နိုင်ငံခြားသားများရှိနေတာကြောင့်လို့ အဆိုပါ ညွှန်ကြားချက်မှာ ဖေါ်ပြထား ပါတယ်။
အဆိုပါညွှန့်ကြားချက်ကို ခရိုင်အသီးသီးမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့၊ ခရီးသွားရဲ နဲ့ နယ်ခြားစောင့်ရဲတွေအပါအဝင် နိုင်ငံတဝှမ်းက ရဲတပ်ဖွဲ့ဝင်အားလုံးကို ညွှန်ကြားထား တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နိုင်ငံတည်ငြိမ်ရေးကို ပျက်ပြားအောင်လုပ်ဆောင်ခြင်း၊ နှစ်နိုင်ငံပုံရိပ် ကို ထိခိုက်အောင်လုပ်ဆောင်ခြင်းစတဲ့ ပြစ်မှုမျိုးတွေ ကျူးလွန်သူအလုပ်သမားတွေကို ထိုင်းနိုင်ငံအတွင်း နေထိုင် ခွင့်ရုတ်သိမ်းပြီး ဥပဒေအရအရေးယူဆောင်ရွက်သွားဖို့လည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။
Photo -Bangkok Post