Homeပြည်တွင်းသတင်းထိုင်းနိုင်ငံမှာ Tiktok ပေါ်ကနေ စျေးရောင်းတဲ့ မြန်မာ ၈ ဦးကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံမှာ Tiktok ပေါ်ကနေ စျေးရောင်းတဲ့ မြန်မာ ၈ ဦးကို ထိုင်းရဲဖမ်းဆီး

၇ စက်တင်ဘာ၊၂၀၂၄

ထိုင်းနိုင်ငံဘန်ကောက်မြို့အနီးက နောင်ဘူရီ မှာ Tiktok ပေါ်ကနေ စျေးရောင်းတဲ့ မြန်မာ ၈ ဦးကို ထိုင်းရဲက စက်တင်ဘာ ၆ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာမှုအရ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အထဲမှာ အသက် ၂၅ နှစ်အရွယ် ဇနီးမောင်နှံ နဲ့ စျေးကူရောင်းပေးသူ လူ ၆ ဦးပါဝင်တယ်လို့ သိရပြီး ၎င်းတို့တွေဟာ Tiktok ပေါ်ကနေ အဝတ်အစားတွေ ရောင်းချနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရသူ မြန်မာဇနီးမောင်နှံမှာ ထိုင်းနိုင်ငံမှာ တရားဝင်အထောက်အထားတွေနဲ့နေထိုင်သူတွေဖြစ်ပေမယ့် ကျန်တဲ့သူတွေကတော့ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ကြောင်းနဲ့ သူတို့ကို နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဝတ်အစား အထုတ်တွေနဲ့ Live လွှင့်ရောင်းတဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့တယ် လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံခြားသားတွေကို ခွင့်ပြုချက်မရဘဲ “Tiktok” ပေါ်ကနေ စျေးရောင်းချခွင့်ကို ပိတ်ပင်ထားတာပဲ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read