Homeအထူးသတင်းထိုင်းနိုင်ငံမှာ အလုပ်ကနေပြန်လာသည့် လက်ထပ်ခါနီး ချစ်သူစုံတွဲကို ကားနဲ့ဝင်တိုက်မှုဖြစ်ပွား၊ အမျိုးသားပွဲချင်းပြီးသေဆုံး

ထိုင်းနိုင်ငံမှာ အလုပ်ကနေပြန်လာသည့် လက်ထပ်ခါနီး ချစ်သူစုံတွဲကို ကားနဲ့ဝင်တိုက်မှုဖြစ်ပွား၊ အမျိုးသားပွဲချင်းပြီးသေဆုံး

၁၉ ဇန်နဝါရီ ၂၀၂၆

ထိုင်းနိုင်ငံ ချာချင်ဆောင်ခရိုင်မှာ အလုပ်ကနေပြန်လာတဲ့ လက်ထပ်ခါနီး ချစ်သူစုံတွဲနှစ်ဦးကို ထိုင်းနိုင်ငံသားတစ်ဦးက အနောက်ကနေ ကားနဲ့ဝင်တိုက်မှုဖြစ်ပွား ခဲ့ပြီး၊ အမျိုးသားဖြစ်သူမှာ နေရာမှာဘဲပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ မနေ့က ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ မိန်းကလေးဖြစ်သူဟာ ပေါင်ရိုးကျိုးဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံမှာ ဆေးကုသခံနေရတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီဆီက နေသိရပါတယ်။

လတ်တလောမှာ ပြစ်မှုကျူးလွန်တဲ့ ထိုင်းနိုင်ငံသားဟာ ကားကိုထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သလို အဲဒီအမှုအတွက် ပြီးဆုံးသည်အထိ ကူညီပံ့ပိုးပေးသွားမယ်လို့ MHAC မဟာမိတ်အဖွဲ့ ဦး ဆောင်သူ ကိုရဲမင်းက ဆိုပါတယ်။

သေဆုံးသူဟာ အသက် ၃၆နှစ်အရွယ် ကိုသော်သော်လင်း ဆိုသူဖြစ်ပြီး၊ ချစ်သူမိန်းက‌လေးရှိရာ ချာချင်ဆောင်ခရိုင်ကို ရောက်ရှိနေတာဟာ ၆ ရက်သာရှိသေးပြီး ၆ ရက်မြောက်နေ့မှာဘဲ မိန်းကလေးကို အလုပ်ကနေကြိုပြီးအပြန် ယာဉ်တိုက်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – ချစ်သူစုံတွဲကို ဝင်တိုက်ခဲ့သော ကားကို တွေ့ရစဉ်

ဓာတ်ပုံ- အေအေစီရဲမင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး