Homeနိုင်ငံတကာသတင်းထိုင်းနိုင်ငံမှာ လေယာဉ်ပျက်ကျပြီး လေယာဉ်ပေါ်ပါလာသူ ၉ ဦးလုံး သေဆုံး

ထိုင်းနိုင်ငံမှာ လေယာဉ်ပျက်ကျပြီး လေယာဉ်ပေါ်ပါလာသူ ၉ ဦးလုံး သေဆုံး

ဘန်ကောက်၊ ဩဂုတ် ၂၃

ဩဂုတ်လ ၂၂ရက် ညနေပိုင်းက ဘန်ကောက်မြို့ အရှေ့တောင်ပိုင်းဒေသမှာ တာဘိုပရော့လေယာဉ်တစ်စင်း ပျက်ကျခဲ့လို့ လေယာဉ်မှူးနှစ်ယောက်အပါအဝင် လိုက်ပါလာတဲ့ ခရီးသည် ခုနှစ်ယောက်လုံး အသက်ဆုံးရှုံးခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ပျက်ကျတဲ့ နေရာက တောထူထပ်တဲ့ နေရာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲတွေက သွားရောက်ကယ်ဆယ်ခဲ့ ကြပေမယ့် တစ်ယောက်မှ အသက်မရှင်ခဲ့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်မှူး နှစ်ယောက်နဲ့ ခရီးသည် ခုနစ်ယောက်အပါအဝင် လူကိုးယောက်ဟာ ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်ကနေ ထိုင်းနိုင်ငံ ပင်လယ်ကွေ့က လူသိများတဲ့ ထရတ်ပြည်နယ်မှာရှိတဲ့ ကမ်းခြေဆီကို ခရီး ထွက်လာခဲ့တာ ဖြစ်ပါတယ်။

“ညနေ ၃ နာရီ ၁၀ မိနစ် လောက်မှာ ဖြစ်ပွားခဲ့တာပါ။ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ကြိုးစားနေပေမယ့် သူတို့အားလုံး သေဆုံးသွားပြီလို့ ယုံကြည်ပါတယ်” ဆိုပြီး လေယာဉ်ပျက်ကျခဲ့တဲ့ ချာချောင်ဆောက် ဒေသ အုပ်ချုပ်ရေးမှူး ချွန်လာသီးက ဩဂုတ်၂၂ရက် ကြာသပတေးနေ့က အခင်းဖြစ်ပွားရာနေရာမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒေသခံမီဒီယာတွေရဲ့ အဆိုအရတော့ လေယဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေထဲမှာ အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်ကြား ကလေးနှစ်ယောက်အပါအဝင် ထိုင်းလေးယောက်နဲ့ တရုတ်ငါးယောက် လိုက်ပါသွားတာလို့ ဆိုပါတယ်။

ရှာဖွေရေးလုပ်ငန်းမှာ တပ်မတော်သားတွေအပါအဝင် စေတနာ့ဝန်ထမ်း ၃၀၀ ကျော်ကို တပ်ဖြန့်ထားထားသလို လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့အတွက် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေ တယ်လို့ သိရပါတယ်။

Ref: AFP

ဆက်စပ် သတင်းများ

Most read