Homeပြည်တွင်းသတင်းထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၁၀၀၀ ဝန်းကျင် မြန်မာနိုင်ငံ ပြန်ပို့

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၁၀၀၀ ဝန်းကျင် မြန်မာနိုင်ငံ ပြန်ပို့

၇ စက်တင်ဘာ၊၂၀၂၄

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား တစ်ထောင်ခန့်ကို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ပြန်လက်ခံခဲ့ တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ စက်တင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ထားမှုအရ သိရပါတယ်။

အမေရိကန်အစိုးရရဲ့ ၂၀၂၄ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာပါ အကြံပြုချက်တွေအရ ပြီးခဲ့တဲ့လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေခေါင်းစဉ်နဲ့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားတာပါ။

ဖမ်းဆီးခံရသူတွေအထဲ အမျိုးသား ၇၅၂ ဦးနဲ့ အမျိုးသမီး ၂၀၈ ဦး စုစုပေါင်း ၉၆၀ ဦးကို သက်ဆိုင်ရာနယ်စပ်ဂိတ် တွေ ကနေ ထိုင်းအာဏာပိုင်တွေက တရားဝင် ပြန်လွှဲပြောင်းပေးတာလို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ ၂၀၂၄ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာပါ အကြံပြုချက်တွေအရ ပြီးခဲ့တဲ့လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေခေါင်းစဉ်နဲ့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားတာပါ။

ဆက်လက်ပြီး စက်တင်ဘာလ ၆ ရက် မနေ့ကလည်း ထိုင်းအာဏာပိုင်းတွေက ထိုင်းနိုင်ငံ၊ရနောင်းမြိုမှတဆင့် မြန်မာနိုင်ငံ၊ကော့သောင်းမြို့ကို ရေလမ်းနဲ့ စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား (၁၂၂)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း (၁၃၁)ဦး ကော့သောင်းမြို့ ဘုရင့်နောင်ဆိပ်ကမ်းကို ရောက်ရှိခဲ့တယ်လို့ စစ်ကောင် စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာက ဖော်ပြပါတယ်။

အဆိုပါ ပြန်ရောက်လာသူတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကိုယ်ရေးမှတ်တမ်းတွေကောက်ယူတာနဲ့ လိုအပ်တာတွေစစ်ဆေးဆောင်ရွက်ပြီး ၎င်းတို့ နေရပ်ဒေသအသီးသီးသို စနစ်တကျပြန်လည် ပိုဆောင်ပေး သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်နဲ့ အာဏာပိုင်တွေက ဇွန်လကစလို့ဖမ်းဆီး စစ်ဆေးနေပြီး ဩဂုတ်လ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံသား တစ်သိန်းခွဲကျော် (၁၅၅,၆၆၉) ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ပုံစာ – ( စက်တင်ဘာလ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ရနောင်းမြိုမှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်ပို့ခံခဲ့ရသည့် မြန်မာအလုပ်သားများ)
Photo – MOI

ဆက်စပ် သတင်းများ

Most read