Homeပြည်တွင်းသတင်းထိုင်းနိုင်ငံမှာ တရားဝင် MOU စာချုပ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ် သား(၁၈၀)ဦး လုပ်ငန်းခွင် ခြိမ်းခြောက်ဖိနှိပ်မှုတွေပြုလုပ်ခံရ၊ မြန်မာပြည်ပြန်ပို့မည်ဟုပါ ခြိမ်းခြောက်

ထိုင်းနိုင်ငံမှာ တရားဝင် MOU စာချုပ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ် သား(၁၈၀)ဦး လုပ်ငန်းခွင် ခြိမ်းခြောက်ဖိနှိပ်မှုတွေပြုလုပ်ခံရ၊ မြန်မာပြည်ပြန်ပို့မည်ဟုပါ ခြိမ်းခြောက်

၁ ဩဂုတ် ၂၀၂၅

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘော်ဝန်းစက်မှုဇုံအလုပ်ရုံတစ်ခုမှာတရားဝင် MOU စာ ချုပ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား(၁၈၀)ဦးဟာ လုပ်ငန်းခွင်မှာခြိမ်းခြောက်ဖိနှိပ်တာတွေပြုလုပ်ခံနေရတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ 𝐌.𝐇. 𝐀.𝐂 (မဟာမိတ်အဖွဲ့)က အသိပေးထုတ်ပြန်ထားပါတယ်။

အဲဒီလိုခြိမ်းခြောက်ရာမှာအလုပ်ရုံဘက်အေဂျင်စီနဲ့ပေါင်းပြီး MOUစာချုပ်ပါအချက်တွေကို ချိုးဖောက်ကာ အလုပ်သ မားများအပေါ်လုပ်ငန်းခွင်ဖိနှိပ်မှာ ဖိနှိပ်တာ၊ လုပ်အားညှစ်ထုတ်တာ၊အပြစ်ရှာအလုပ်ထုတ်တာ၊ စက်ရုံကိုလာရောက်စစ်ဆေးတဲ့အဖွဲ့ကို လိမ်ညာထွက်ဆိုခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒီ အလုပ်သမား(၁၈၀)ထဲမှာ (၇၈)ဦးဟာလည်း စာချုပ်ပါအတိုင်း ရေမွှေးစက်ရုံဖြစ်မနေတဲ့အပြင် စာချုပ်ပါအချက်အလက်တွေနဲ့ ကိုက်ညီတာမရှိတာကိုတောင်းဆိုတဲ့အခါမှာ အေဂျင်စီဘက်ကတာဝန်ယူပေးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဒီလိုတောင်းဆိုတဲ့အပေါ်မှာလည်း မြန်မာပြည်ကိုပြန်ပို့မယ်လို့ ခြိမ်းခြောက်တာတွေ ပြုလုပ်နေတာကြောင့် ကူညီပေးဖို့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ထံကို အကူ အညီတောင်းခံလာတာကြောင့် အမှုပြီးဆုံးတဲ့အထိ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ပုံစာ- အလုပ်သမားတွေနဲ့အတူ 𝐍𝐔𝐆 အလုပ်သမားဝန်ကြီးဌာနရဲ့တာဝန်ရှိသူတစ်ဦးနဲ့ 𝐌.𝐇.𝐀.𝐂 (မဟာမိတ်အဖွဲ့) အဖွဲ့သားများ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး