ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်တွေမှာဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံတဲ့အပေါ်ထိုင်းတော်ဝင်အစိုးရအပါအဝင် ထိုင်းပြည်သူတစ်ရပ်လုံးနဲ့အတူ ထပ်တူဝမ်း နည်းကြေကွဲရတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
ရေကြီးမှုဖြစ်စဉ်မှာ ထိုင်းဒေသခံပြည်သူ ၃၃ ဦးထက်မနည်းတဲ့ အပြစ်မဲ့ပြည်သူတွေအသက်ဆုံးရှုံးခဲ့ရတာ၊ နေအိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေပျက်စီးခဲ့ရတာ၊ စိုက်ပျိုးရေးနဲ့စီးပွားရေးလုပ်ငန်းတွေထိခိုက်ခဲ့ရတဲ့အပေါ် အခုလိုထုတ်ပြန်လိုက်တာဘဲဖြစ်ပါတယ် ။
အခုလို သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့ရတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုအားလုံးအတွက် အလေးအနက်စာနာထောက်ထားပြီး ရေဘေးသင့်ခဲ့တဲ့ ရပ်ရွာ ဒေသတွေ၊ ဒုက္ခရောက်နေသူတွေ ဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိုင်းနိုင်ငံ တော်အစိုးရရဲ့ ဦးဆောင်မှုအောက်မှာ အားအင်အသစ်တွေနဲ့အတူ အမြန်ဆုံး ပြန် လည်ကောင်းမွန်လာစေဖို့နဲ့ ဘေး အန္တရာယ်ကလျင်မြန်စွာ ကင်းဝေးစေဖို့
အတွက်လည်း NUGက ဆုတောင်းပေးထားပါတယ်။
ထိုင်းနိုင်ငံဟာ ရှေးယခင် ကာလများက တည်းက မြန်မာပြည်သူလူထုရဲ့ အခက် အခဲတွေကို နားလည်ပြီး လူသားချင်း စာ နာထောက်ထားမှုအကူအညီတွေ ပေး အပ်ခဲ့တဲ့ မိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့လက်ရှိ နိုင်ငံ ရေးအကျပ်အတည်းတွေကြောင့် နယ်စပ်တစ်လျှောက်ကို ဝင်ရောက်လာတဲ့ မြန်မာ နိုင်ငံသား နေရပ်စွန့်ခွာရသူတွေကိုလူ သားချင်းစာနာမှုဆိုင်ရာ စီမံခန့်ခွဲမှုတွေမှာ ထိုင်းအစိုးရရဲ့ပံ့ပိုးကူညီမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လေးနက်စွာကျေးဇူးတင်အသိအမှတ်ပြုတယ်လို့လည်း NUG ကထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း လက်ရှိထိုင်းနိုင်ငံတောင်ပိုင်း ပြည် နယ်တွေမှာ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်အတွင်းသက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ဦးဆောင်မှုနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက် ရှိကြောင်းနဲ့ သဘာဝဘေးဆိုးကြီးမှ အမြန်ဆုံးလွတ်မြောက်စေဖို့ကိုလည်း ဆုတောင်းပေးတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ-The Reporter


