ထိုင်းနိုင်ငံက ကမ္ဘောဒီးယားဘက်ကို အင်တာနက်လိုင်းနဲ့ ဖုန်းအော်ပရေတာ န်ဆောင်မှု ပေးထားတာတွေ အားလုံးကို ရပ်ဆိုင်းဖို့ ထိုင်းအမျိုးသားအသံလွှင့်နဲ့ ဆက်သွယ်ရေးကော်မရှင် (NBTC)က ထုတ်ပြန်အသိပေးထားတယ်လို့ ဗန်ကောက်ပို့စ် သတင်းတစ်ရပ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
နှစ်နိုင်ငံ နယ်မြေအငြင်းပွားမှုတွေ မြင့်တက်လာပြီးနောက်မှာ အခုလို ဖြတ်တောက်လိုက်တာဖြစ်ပြီး၊ ဒီလိုဖြတ်တောက်လိုက်တာဟာ ကမ္ဘောဒီးယား ကာစီနိုမြို့တော် ပွိုင်ပတ်ကို အင်တာ နက်ဖြတ်တောက်လိုက်တာကြောင့် ထိုင်းပြည်သူတွေအပေါ် ကျားဖြန့်လုပ်နေတာနဲ့ လူမှောင်ခိုတွေ ၊ လိမ်လည်တွေလျော့ပါးသွားဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်
လို့ NBTC က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အရင်ထိုင်းဘက်က အခုလိုဖြတ်တောက်တာမျိုးလုပ်ဆောင်ခဲ့ပေမယ့် ထိုင်း ပုဂ္ဂလိက အော်ပရေတာ (၁၄)ခုက ဘရော့ဘန်းအင်တာနက်များတွေ အသုံး ပြုဖို့ ကမ်းလှမ်းပြီး ချိတ်ဆက်ပေးခဲ့တာကြောင့် ကမ္ဘောဒီးယားက ပွိုင်ပတ် ကျားဖြန်လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခုအခါမှာ ဘယ်အော်ပရေတာမှ ကမ္ဘော ဒီးယားကို အင်တာချိတ်ဆက်ပေးတာတွေ လုံးဝမလုပ်ဖို့ NBTC က ထပ်မံညွှန်ကြားချက် တွေထုတ်ပြန်လိုက်တာဘဲဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားနယ်စပ် ကျားဖြန့်လုပ်ငန်းတွေနဲ့ နီးကပ်နေတဲ့ ဒေသက ထိုင်းဖုန်းဆင်းကတ်ရောင်းချသူတွေအနေနဲ့ (၁၅) ရက်တစ်ကြိမ် ဆင်းကဒ်ရောင်းချတဲ့မှတ်တမ်းတွေကို NBTC ထံ တင်ပြအစီရင်ခံရမယ်လို့ ဆိုပါတယ်။
အဲ့ဒီဒေသအတွင်း နေထိုင်တဲ့သူတွေဖုန်လိုင်းနဲ့ အင်တာနက်လိုင်း မပြတ်တောက်စေဖို့ သက်ဆိုင်တဲ့အော်ပရေတာတွေက ကားတွေနဲ့ ဝန်ဆောင်မှု လိုက်လံဆောင်ရွက်ပေးသွားရမယ်လို့ ထိုင်း အမျိုးသားအသံလွှင့်နဲ့ ဆက်သွယ်ရေးကော်မရှင် (NBTC)က ကြေညာထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- ဘန်ကောက်ပို့စ်


