Homeပြည်တွင်းသတင်းထိုင်းနိုင်ငံကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား‌ တရက်တည်းမှာတင် ရာနဲ့ချီ ဖမ်းမိ

ထိုင်းနိုင်ငံကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား‌ တရက်တည်းမှာတင် ရာနဲ့ချီ ဖမ်းမိ

၁၉ အောက်တိုဘာ ၂၀၂၅

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆၂ ယောက်ကို ဒီကနေ့ အောက်တိုဘာ ၁၉ ရက်တရက်တည်းမှာဘဲ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ သုန်ဖဖူမြို့နယ်၊ ဘန်ဟင်းလမ်ကျေးရွာအနီးက သစ်တောအတွင်း ပုန်းအောင်းနေသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုဖမ်းဆီးတာကို ထိုင်းအာဏာပိုင်အဖွဲ့က စစ်ဆင်ရေးပုံစံနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ကန်ချနပူရီပြည်နယ် အုပ်ချုပ်ရေးမှူး ဦး ဆောင်တဲ့ ပူးပေါင်းအဖွဲ့တွေပါဝင်ခဲ့ကြတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၅၇ ဦး၊ အသက် ၁၅ နှစ်က‌နေ ၁၈ နှစ်ကြား လူငယ် ၈ ဦးနဲ့ အမျိုးသမီး နောက်လိုက် ၃ ဦး စုစုပေါင်း ၁၆၂ဦး ဖြစ်တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။

ခိုးဝင်လာသူ မြန်မာနိုင်ငံသားတွေဟာ ပွဲစားတွေကို တစ်ဦး ဘတ်ငွေ ၂၀,၀၀၀ မှ ၂၄,၀၀၀ အထိ ပေးခဲ့ရပြီး၊ စန်ခလာဘူရီ ၊ စမွတ်စခွန်၊ ဘန်ကောက်၊ ချွန်ဘူရီ စတဲ့ ဒေသတွေနဲ့ မလေးရှားနိုင်ငံအတွင်းပိုင်းပြည်နယ်တွေကို သွားရောက် အလုပ် လုပ်ကိုင်မှာဖြစ်တယ်လို့ သိရပါတယ်

ဖမ်းဆီးရမိသူတွေ အားလုံးကို ထိုင်းအာဏာပိုင်တွေက ဆက်လက်အရေးယူဆောင်ရွက်ဖို့ သက်ဆိုင်ရာ ရဲစခန်းကိုပို့ဆောင်ထားပြီးဖြစ်တယ်သိရပါတယ်။

ကိုးကား : ကန်ချနဘူရီသတင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး