Homeပြည်တွင်းသတင်းထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင်ခိုးထုတ်မယ့် ဒီဇယ်ဆီတွေတင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၆ စီး ဖမ်းဆီးရမိ

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင်ခိုးထုတ်မယ့် ဒီဇယ်ဆီတွေတင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၆ စီး ဖမ်းဆီးရမိ

၂၀ ဩဂုတ်၂၀၂၅

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင်ခိုးထုတ်မဲ့ ဒီဇယ်ဆီ လီတာ ၆၀,၀၀၀ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ် ၆ စီးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဒီဇယ်ဆီတွေတင်ဆောင်လာတဲ့ ကုန်တင်ကား ၆ စီးကို ဩဂုတ် ၁၉ ရက် ည ၈နာရီမှာ ထိုင်းစစ်တပ်နဲ့ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိတာဖြစ်ပြီး အဲဒီ ဒီဇယ်ဆီတွေ မြန်မာနိုင်ငံကိုပို့ဆောင်မှာဖြစ်တယ်လို့ ဖမ်းဆီးရမိတဲ့ ကုန်တင်ယာဉ်မောင်းတွေကဝန်ခံထွက်ဆိုထားပါတယ်။

လတ်တလောမှာ ကုန်တင်ယာဉ်မောင်း ၆ ဦးကို ထိုင်းနိုင်ငံသားယာဉ်မောင်းများဖြစ်ပြီးဖုတ်ဖရမြို့နယ် ရဲစခန်းမှာထိန်း သိမ်းထားပြီး ဖမ်းဆီးရမိတဲ့ဒီဇယ်ဆီတွေကို ထိုင်းစစ်တပ်ကသိမ်းဆည်းကာ ဥပဒေနဲ့အညီ ဆက်လက်အရေးယူဆောင် ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာလည်း ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံထဲကို မှောင်ခိုတင်သွင်းရောင်းဝယ်နေတဲ့ စက်သုံးဆီတွေကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းလိုက်တာကြောင့် မြဝတီမြို့မှာ စက်သုံးဆီပြတ်လပ်တာတွေ ရှိနေတဲ့အပြင် မှောင်ခိုရောင်းဝယ်တဲ့ဈေး ကွက်လည်း ပိုများလာတယ်လို့ ဒေသခံသတင်းရင်မြစ်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး