Homeပြည်တွင်းသတင်းထိုင်းနယ်စပ် UWSA ထိန်းချုပ်ရာ မိုင်းဆတ်မြို့အနီး မြေရှားသတ္တုတူးဖော်နေတယ်လို့ ရှမ်းလူ့အခွင့် အရေးမဏ္ဏိုင်ဆို

ထိုင်းနယ်စပ် UWSA ထိန်းချုပ်ရာ မိုင်းဆတ်မြို့အနီး မြေရှားသတ္တုတူးဖော်နေတယ်လို့ ရှမ်းလူ့အခွင့် အရေးမဏ္ဏိုင်ဆို

၁၆ မေ၊၂၀၂၅

ရှမ်းပြည်အရှေ့ပိုင်း ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာ မိုင်းဆတ်မြို့အနီး မှာ မြေရှားသတ္တုတူးဖော်နေကြောင်း ဂြိုလ်တုဓာတ်ပုံအရ ယူဆရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင်( SHRF) က ထုတ်ပြန်အသိပေးထားပါတယ်။

ဂြိုလ်တုဓာတ်ပုံတွေအရ ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ် နဲ့ ၂၅ ကီလိုမီတာအကွာ (UWSA) ထိန်းချုပ်ရာ မိုင်းဆတ် မြို့အနီး မြေရှားသတ္တုတူးဖော်နေတယ်လို့ ယူဆရတယ်လို့ မေလ ၁၅ ရက်နေ့က ထုတ်ပြန် ထားပါတယ်။

ချင်းမိုင်ခရိုင် မယ်အိုင်းဒေသ နဲ့မျက်နှာချင်းဆိုင် ထိုင်းနယ်စပ်မြောက်ပိုင်းမှ ၂၅ ကီလို မီတာကွာဝေးတဲ့ မိုင်းဆတ် မြို့ တောင်ဘက် မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်း ၂ ခုရဲ့ ပုံရိပ်များကို ထင်ရှားစွာမြင်ရတယ်လို့ ဆိုထားပါတယ်။

အဆိုပါနေရာတွေက စွန့်ပစ်ပစ္စည်းတွေမှာ နမ့်ခုတ်မြစ် (ကော့မြစ်)အတွင်းကို စီးဝင်တာကြောင့် နယ်စပ်နှစ် ဘက်လုံးရှိ မြစ်အောက်ပိုင်းနေ ဒေသခံပြည်သူ တသန်းကျော်ရဲ့ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်လာမှာကို စိုးရိမ်နေရတယ်လို့လည်း ဆိုပါတယ်။

ဂြိုလ်တုဓာတ်ပုံမှတ်တမ်းပုံဟောင်းတွေအရ နမ့်ခုတ်မြစ်အရှေ့ ဘက် ၄ ကီလိုမီတာကွာ၀ေးတဲ့ မြေရှားသတ္တု တွင်းမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး နမ့်ခုတ်မြစ်နှင့် ၂ ကီလိုမီတာ ကွာဝေးသောတွင်းမှာမူ ၂၀၂၄ နှစ်လယ်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ကြောတယ်လို့လည်း ဆိုထားပါတယ်။

မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်းတွေက နမ့်ခုတ်မြစ်အတွင်းကို အဆိပ်တွေစွန့်ထုတ်နေပြီဖြစ်ရာ ရွှေတွင်း များကြောင့် ရှိနှင့်ပြီးသားဖြစ်တဲ့ ညစ်ညမ်းမှုတွေထက် ပိုမိုဆိုးရွားနိုင်သလို ရှမ်းပြည်တောင်ပိုင်း နဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ နမ့်ခုတ်မြစ် တလျောက်နေထိုင်တဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတာကြောင့် နှစ်နိုင်ငံ တာ၀န်ရှိသူတွေအနေနဲ့အဆောတလျင် စုံစမ်းရန်လိုအပ်တယ်လို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် က တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – SHRF

ဆက်စပ် သတင်းများ

Most read