Homeပြည်တွင်းသတင်းထိုင်းနယ်စပ် မြဝတီမြို့တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

ထိုင်းနယ်စပ် မြဝတီမြို့တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

၂၈ ဩဂုတ် ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ အ သက်၂ နှစ်နဲ့ ၉ လအရွယ်ကလေးငယ် တဦးအပါ မိသားစုသုံးဦးကို အမည်မသိ လူတဦးကသေနတ်နဲ့ လာရောက်ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့တယ်လို့ မြဝတီဒေသခံတွေဆီကနေသိရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ မိသားစုဟာ မြဝတီမြို့မှာ သန့်ဇင်အမည်နဲ့ အနှိပ်ခန်းဖွင့်ထားသူတွေဖြစ်ပြီး၊ မနေ့ ဩဂုတ်၂၇ရက် ည ၈ နာရီဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုဖြစ်သွားတာကလည်း ငွေကြေးပြဿနာလို့တော့ပြောတယ်။ အသေအချာတော့မသိရသေးဘူး။ သတင်းကို ဖုံးထားကြတယ်”လို့ ဆိုပါတယ်။

အသတ်ခံရတဲ့ အနှိပ်ခံပိုင်ရှင်အမျိုးသားဟာ ရင်ဘတ်ကို ကျည်ဖောက်ဝင်ဒဏ်ရာတချက်နဲ့သေဆုံးခဲ့ရသလို၊ အမျိုးသမီးဖြစ်သူမှာ သေနတ်ဒဏ်ရာ ၂ ချက်၊ ကလေးငယ်ဖြစ်သူမှာ သေနတ်ဒဏ်ရာ ၄ ချက် အသီးသီး ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေကို ဒေသခံပရဟိတကားတွေနဲ့ မပို့ဆောင်ခိုင်းဘဲ သတင်းဖုံးချင်တာကြောင့် အခြားကားတစ်စီးနဲ့ မြဝတီမြို့နယ် ပြည်သူဆေးရုံရဲ့ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

“နောက်ဆုံးသတင်းကြားတာက အမျိုးသမီးက ကိုယ်ဝန်ရှိနေတယ်လို့ သိရတယ်”လို့ အဲဒီဒေသခံတဦးက ဆိုပါတယ်။

ဓာတ်ပုံ- CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး