Homeနိုင်ငံတကာသတင်းထိုင်းတော်ဝင်ကို စော်ကားမှုအတွက် လွှတ်တော်အမတ်နဲ့ ဂီတ ပညာရှင်တစ်ယောက် ထောင်ဒဏ်တွေ ချမှတ်ခံရ

ထိုင်းတော်ဝင်ကို စော်ကားမှုအတွက် လွှတ်တော်အမတ်နဲ့ ဂီတ ပညာရှင်တစ်ယောက် ထောင်ဒဏ်တွေ ချမှတ်ခံရ

ဘုရင်မင်းမြတ်ကို စော်ကားမှု ဆိုတဲ့ ဆွဲချက်နဲ့ ထိုင်း အတိုက်အခံအမတ်တစ်ယောက်အပါအဝင် တက်ကြွလှုပ်ရှားသူ ဂီတပညာရှင်တစ်ယောက်ကို သီးခြားတရားရုံးတွေမှာ တနင်္လာနေ့ (မေ ၂၇)က ထောင်ဒဏ်တွေ ကိုယ်စီ ချမှတ်ခဲ့တယ်လို့ သူတို့ရှေ့နေတွေက ပြောပါတယ်။

ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး တက်ကြွလှုပ်ရှားသူ လည်း ဖြစ် Move Forward ပါတီရဲ့ပါလီမန်အမတ်တစ်ယောက်လည်း ဖြစ်တဲ့ ချောင်သီချာ ဂန်ရူး ကတော့ တော်ဝင်မော်တော်ယာဉ်တန်းကို နှောင့်ယှက်မှု၊ ဆူပူသောင်းကျန်းမှု၊ အစာငတ်ခံဆန္ဒပြမှု စတဲ့ ခေါင်းစဉ်တပ် စွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထောင်ဒဏ် ဘယ်လောက်ချခဲ့သလည်း ကွဲကွဲပြားပြားမသိရသေးပါဘူး။ လက်ရှိမှာ အယူခံတင်ခွင့် ပေးထားတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

အသက် ၃၅နှစ်အရွယ် ဂီတပညာရှင် ချိုင်း အမရွန် ခါဝီဘူပန် ကတော့ ထိုင်းဘုရင် မဟာဝိဇယ လောင်ကွန်ရဲ့ ပုံတူကို မီးရှို့ခဲ့တဲ့အမှုနဲ့ တရားရုံးတော်က ထောင်ဒဏ် လေးနှစ်ချမှတ်ခံခဲ့ရပါတယ်။ အမိန်ချမှတ်အပြီးမှာတော့ အယူခံဝင်နိုင်ဖို့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ လူ့အခွင့်အရေးအဖွဲတွေက တစ်ဆင့် သိရပါတယ်။ သိရပါတယ်။

အမှု့ရင်ဆိုင်နေရတဲ့ ဂီတပညာရှင်နဲ့ ဥပဒေပြုအမတ်တို့ဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ချီးမြှောက်ခြင်းဆိုင်ရာ ဥပဒေကို ပြစ်တင်ရှုတ်ချတဲ့ ပြစ်မှုတစ်ခုစီအတွက်တည်းကိုပဲ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Ref: Reuters

ဆက်စပ် သတင်းများ

Most read