Homeပြည်တွင်းသတင်းထိုင်းကိုတရားမဝင် သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာ ၁၀ ဦး ကုန်တင်ကားထဲ အသက်ရှုကြပ်ပြီးသေဆုံး

ထိုင်းကိုတရားမဝင် သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာ ၁၀ ဦး ကုန်တင်ကားထဲ အသက်ရှုကြပ်ပြီးသေဆုံး

၁၉ အောက်တိုဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံကို ရောက်ဖို့အတွက် တရားမဝင် ကုန်တင်ကားနှစ်စီးထဲမှာ ဝှက်ပြီး သယ်ဆောင်လာသူမြန်မာနိုင်ငံသားများအနက် ၃ ဦး သေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်းဌာနအချို့မှာ အောက်တိုဘာလ ၁၈ ရက်နေ့က ဖော်ပြပါတယ်။

အခုသေဆုံးသူ ၃ ဦးအပါအဝင် လမ်းခရီးမှာ ကားထဲ အသက်ရှုမွန်းကြပ်ပြီး သေဆုံး ၁၀ ဦးအထိ ရှိခဲ့ပြီး အခု ထိုင်းရဲရဲ့ အဖမ်းခံခဲ့ရတဲ့အချိန်မှာ ၁၆ ဦးသာ ကျန်ရှိတော့ပြီး လမ်းမှာ သေဆုံးသွားသူတွေကိုလည်းလမ်းမှာ စွန့်ပစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့ကနေ မြန်မာတွေကို တရားမဝင်နည်းလမ်းသယ်ဆောင်လာသူ ထိုင်းလူမျိုးယာဥ်မောင်းနှစ်ဦးကို စစ်ဆေးခဲ့ရာမှာ သူတို့သယ်ဆောင်လာတဲ့ မြန် မာတွေမှာ အမျိုးသား(၂၁)ဦးနဲ့အမျိုးသမီး(၅)ဦး စုစု ပေါင်း(၂၆)ဦးဖြစ်ပြီး သူတို့ဟာ ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားဖို့အတွက် ထိုင်း-မလေးရှားနယ်စပ် ဆွမ်ကလာပြည်နယ်ကို သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ တရားမဝင်နည်းလမ်းနဲ့ လူတွေသယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသားယာဥ်မောင်း ၂ဦးကို လူကုန်ကူးမှုနဲ့ အမှုဖွင့် တရားစွဲဆိုထားတယ်လို့သိရပါတယ်။

ဆက်စပ် သတင်းများ

Most read