Homeပြည်တွင်းသတင်းထားဝယ်မှာ လက်နက်ကြီးကျည်ထိပြီး အမျိုးသမီးနှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာပြင်းထန်

ထားဝယ်မှာ လက်နက်ကြီးကျည်ထိပြီး အမျိုးသမီးနှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာပြင်းထန်

၁၉ နိုဝင်ဘာ၊ ၂၀၂၄

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာထဲ နိုဝင်ဘာလ ၁၆ ရက်၊ ညပိုင်းမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံတွေ ပြောဆိုမှုအရ သိရပါတယ်။

သေဆုံးသူတွေက အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ် မအင်ကြင်းမိုးနဲ့ မချစ်မိုးဆွေတို့ ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အမျိုးသား၂ ဦးနဲ့ အမျိုးသမီး၂ ဦးတို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ထားဝယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

နိုဝင်ဘာလ ၁၅ ရက် ညက ရှင်မုတ္ထီးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးတွေ လုပ်ခဲ့ပါတယ်။ ၁၆ ရက် ညပိုင်းမှာတော့ စစ်ကောင်စီ တပ်တွေက ရှင်မုတ္ထီးရွာအနီးတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ ဖြစ်ပါတယ်။

ရှင်မုတ္ထီးရွာမှာ နာမည်ကျော် ရှင်မုတ္ထီးဘုရားလည်းရှိပြီး ထားဝယ်မြို့ သမိုင်းဝင်နေရာတစ်ခုလည်း ဖြစ်ပါတယ်။ တနင်္သာရီတိုင်းအတွင်း အောက်တိုဘာလအတွင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုး စီးနင်းမှုတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း အရပ်သား ၁၉ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ (FE5 Tanintharyi) က ထုတ်ပြန်ထားပါတယ်။

ပုံစာ – ရှင်မုတ္ထီးဘုရားနဲ့ ရွာကို မြင်ရပုံ
Photo – chan lay ko

ဆက်စပ် သတင်းများ

Most read