Homeပြည်တွင်းသတင်းထားဝယ်မြို့အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သား ၂၀ ဦးကျော်သေဆုံးတယ်လို့ KNU ပြော

ထားဝယ်မြို့အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သား ၂၀ ဦးကျော်သေဆုံးတယ်လို့ KNU ပြော

၂၂ ဩဂုတ် ၂၀၂၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က‌နေမေတ္တာမြို့ကို စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်၂၀ ဦးကျော်သေဆုံးပြီး ထောက်ပို့ကား ၈ စီးပျက်စီးခဲ့ကာ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေသိမ်းဆည်းရမိခဲ့တယ်လို့ ကေအဲန်ယူ- ဗဟိုအသိပေးထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၁၈ရက်နေ့နဲ့ ၁၉ရက်နေ့မှာ ထားဝယ်မြို့ကနေမေတ္တာမြို့ကို စစ် ကြောင်းထိုးလာာတဲ့ စစ်ကော်မရှင်တပ် တွေကို ကရင်အမျိုးသားလွှတ်မြောက်‌ ရေးတပ်မတော် (KNLA) တပ်မဟာ-၄ တပ်ရင်း ၁၂ ၊ တပ်ရင်း ၁၀ နဲ့ တော်လှန်ရေး ပူပေါင်းတပ်တွေကနေရာ ၂ နေရာကနေ စောင့်ကြို တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ၂ ရက်တာတိုက်ပွဲမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သား ၂၀ဦး ထပ်မနည်း သေဆုံးခဲ့ရပြီး ထောက်ပို့ ကား ၈ စီး ပျက်စီးခဲ့ကာ စစ်ကား ၂ စီးဆီကနေလက်နက်ခဲယမ်းတွေနဲ့ရိက္ခာတွေကိုသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်းမှာ စစ်ကော် မရှင်တပ်ဖက်က တိုက်ပွဲဖြစ်ပွားရာ နေရာကို တိုက်လေယာဉ် ၃ စီးဖြင့် ၇ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ပုံစာ – သိမ်းဆည်းရမိတဲ့ စစ်ကော်မရှင်တပ်ရဲ့ ယာဉ်တန်းပစ္စည်းများ( KNU)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး