Homeနိုင်ငံတကာသတင်းထရမ့် ဖိအားကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးမယ်

ထရမ့် ဖိအားကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးမယ်

၂၈ ဇူလိုင် ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်နဲ့ပြုလုပ်မယ့် နှစ်နိုင်ငံအပစ်အခတ်ရပ်စဲ‌ရေး၊ ငြိမ်းချမ်း‌ရေး အစည်းအဝေးကို မလေးရှားနိုင်ငံမှာ ဇူလိုင် ၂၈ ရက်‌မှာပြုလုပ်မယ်လို့ သိရပါတယ်။

ဒေါ်နယ်ထရမ့်ပ်က ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေးအတွက် အခွန်နှုန်းထားတွေကို ခြိမ်းခြောက်မှုအဖြစ် အသုံးချ ဖိအားပေးခဲ့အပြီးမှာ နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးရေးဖြစ်လာခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွမ်မာနက် ကတော့ အပစ်အခတ်ချက်ချင်းရပ်ကြဖို့ နှစ်နိုင်ငံလုံးရဲ့ ဝန်ကြီးချုပ်‌ တွေ ကိုယ်တိုင်က သဘောတူထားပြီလို့ ပြောကြားထားပါတယ်။

အဲ့ဒီ အစည်းအဝေးကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပေးမှာဖြစ်ပြီး တရုတ်နိုင်ငံကပါ တက်ရောက်မည်ဖြစ်ကြောင်းသိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး