အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ကိုယ်သူ ဗင်နီဇွဲလား ယာယီသမ္မတ အဖြစ်သူ့ရဲ့ Truth Social media ပေါ်မှာ ဇန်နဝါရီ ၁၂ ရက်က စတင်ပြီး ဖော်ပြထားပါတယ်။
Wikipedia စာမျက်နှာပုံစံပြုလုပ်ထားတဲ့ ဓါတ်ပုံ တပုံကို အဲ့ဒီ Truth မှာ တင်ခဲ့တာဖြစ်ပြီး ၂၀၂၆ ဇန်နဝါရီလကစပြီး သူ့ကိုယ်သူ ဗင်နီဇွဲလား ယာယီသမ္မတ ဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာ ဗင်နီဇွဲလားနိုင်ငံမှာ ယာယီသမ္မတ ဒဲလ်စီရိုဒရီဂွက်ဇ်က မာရူဒိုနေရာကို ဆက်ခံထားပါတယ်။


