Homeပြည်တွင်းသတင်းတံတားဦးမြို့ မှာ စစ်ကောင်စီက ဒေသခံတွေကို ပေါ်ပေါ်တင်တင် ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်လာ

တံတားဦးမြို့ မှာ စစ်ကောင်စီက ဒေသခံတွေကို ပေါ်ပေါ်တင်တင် ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်လာ

၁၆ ဩဂုတ်၊၂၀၂၄

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ မှာ စစ်ကောင်စီက မြို့နေဒေသခံတွေကို ပေါ်တာဆွဲတာတွေ ပေါ် ပေါ်တင်တင်ပြုလုပ်လာတယ်လို့ တံတားဦးဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ၇ နာရီခွဲအချိန်က တံတားဦးမြို့ အနောက်အထွက် (မြို့သာလမ်း) လက်ပံကွေ့မှာ သွားလာနေတဲ့ မြို့နေဒေသခံတွေရဲ့ ဆိုင်နဲ့ကားတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ကား(၇) စီးနဲ့ မြို့နယ်ထွေအုပ်ရုံးကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ခန့်မှန်းလူဦးရေ ၂၅၀ ခန့် ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေကို ဖုန်းဆက်လက်မှတ်ထိုးခိုင်းနေကြောင်း သိရပြီး ခန့်မှန်းလူဦးရေ လူ (၂၅၀) မှ (၈၀) ခန့်ကို ဒီကနေ့ ညနေ ၄နာရီခန့်မှာ ကားနှစ်စီးနဲ့ ဘယ်လင်းဘက်သို့ ပို့နေတယ်လို့လည်း သိရပါတယ်။

ဖမ်းစီးမှု့ကို ဦးဆောင်သူမှာ တံတားဦး စီမံဥက္ကဌ ဗိုလ်မှူး သန်းနိုင် ဖြစ်ကြောင်း သိရပြီး ဖမ်းဆီးသူတွေမှာ ရဲ၊ ပျုစောထီးနဲ့ ထွေအုပ် ဝန်ထမ်းတွေဖြစ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ် သတင်းများ

Most read