စစ်တပ် အာဏာသိမ်းရာကနေပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးအကြောင်း မဲဆွယ်ပြောကြားခဲ့တဲ့ သဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်နှင့် ရွေး ကောက်ပွဲကော်မရှင်က အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာမဲဆွယ်စည်းရုံးရေးလက်ကမ်းစာမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဟု သုံးနှုန်းဖော်ပြခဲ့ကြောင်း၊ ထောင်တွင်းနိုင်ငံရေး အကျဥ်းသားတွေအတွက် ငွေကြေးနဲ့ ထောင်ဝင်စာ တစ်တပ်တအား ပါဝင်ကူညီခဲ့ကြောင်း ပြောဆိုမဲဆွယ်စည်းရုံးတဲ့ ရုပ်သံကို လွှင့်ထုတ်ခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဦးလွင်မြင့်ဟာ နိုင်ငံရေးအကျဥ်းသားဟောင်းတဦးဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် နေရာကနေဝင်ရောက်ယှဉ်ပြိုင်မဲဆွယ်ရာမှာ သူ၏ အဖေ၊ သူနှင့် သူ ၏သား အပါအဝင် မျိုးဆက် ၃ ခုက တော်လှန်ရေးမျိုးဆက်တွေဖြစ်သလို့နိုင်ငံရေးအကျဥ်းသားတွေလည်းဖြစ်တယ်လို့ မဲဆွယ်စည်းရုံးရာမှာပြောကြားခဲ့တယ်ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက် ပိုင်းဖြစ်စဥ်တွေကို “အရေးတော်ပုံ” ၊ “တော်လှန်ရေး” စတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တာဟာ ဥပဒေနှဲ့မညီကြောင်း၊ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ကိုက်ညီမှုမရှိကြောင်း၊ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်အချို့က ဖော်ပြပြီးနောက် စစ်တပ်လက်အောက်ခံ ရွေး ကောက် ပွဲကော်မရှင်က ဦးလွင်မြင့်ကို အ ရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေ ညာလာတာဖြစ်ပါတယ်။
“အကြောင်းအရာ မှန်ကန်ပါက တရားစွဲ အဖွဲ့အစည်းများက သက်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ အရေးယူဆောင် ရွက်ပြီးလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သက်ဆိုင်သော လွှတ်တော်ရွေး ကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်များဖြင့် ဆက်လက် အရေးယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း”စစ်တပ်လက် အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာတွေကို သတင်းထုတ် ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ကိုကိုကြီးရဲ့ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၅၁၂ ဦးဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။


