စစ်ကော်မရှင်ပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာအများစုမှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်ဘဲ မဲဆန္ဒနယ်မြေတွေဆုံးရှုံးနေတာကို တွေ့ရပါတယ်။
မနေ့က စက်တင်ဘာ ၁၄ ရက်နေ့မှာ စစ်ကော်မရှင် လက်အောက်ခံ ရွေး/ကော်က ထုတ်ပြန်ထားတဲ့ မဲဆန္ဒနယ်မြေစာရင်းအရ သိရှိရပြီး၊ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့ ထိန်းချုပ်တဲ့ ပြည်နယ်အများအပြားကို လက်လွတ်ဆုံးရှူံးခဲ့တာကို တွေ့ရပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေကိုဖော် ပြထားပြီး၊ မဲဆန္ဒနယ်အမှတ် ၄ ဖြစ်တဲ့ မောင်တောခရိုင် တခုလုံး၊ မဲဆန္ဒနယ် အမှတ် ၅ ဖြစ်တဲ့ မြောက်ဦးခရိုင်တခုလုံး၊ ရှမ်းပြည်နယ်က မဲဆန္ဒနယ်အမှတ် ၄ ဖြစ်တဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲဆန္ဒနယ်အမှတ် ၅ ဖြစ်တဲ့ ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှာလည်း ရွေးကောက်ပွဲတွေကို ကျင်းပသွားမှာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ် ၅၆ နယ်ဖြစ်တဲ့ ကချင်ပြည်နယ်က ၄ နယ်၊ ကယားပြည်နယ်က ၃ နယ်၊ ချင်း ပြည်နယ်က ၄ နယ်၊ စစ်ကိုင်းတိုင်းက ၁၀နယ်၊ မကွေးတိုင်းမှ ၅ နယ်၊ မန္တ လေးတိုင်းက ၃ နယ်၊ ရခိုင်ပြည်နယ်က ၁၀ နယ်၊ ရှမ်းပြည်နယ်က ၁၇ နယ်တို့ ပါဝင်တယ်လို့ သိရပါတယ်။
အမျိုးသားလွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ရဲ့ မဲဆန္ဒနယ် ၉ နေရာဖြစ်တဲ့ ကယားပြည်နယ်က မဲဆန္ဒ နယ်အမှတ် ၅ ဖြစ်တဲ့ ဖားဆောင်းမြို့ နယ်၊ မဲဆန္ဒနယ်အမှတ် ၆ ဖြစ်တဲ့ မယ်စဲ့နဲ့ ရှားတောမြို့နယ်၊ချင်းပြည်နယ်က မဲဆန္ဒ နယ်အမှတ် ၂ ဖြစ်တဲ့ ပလက်ဝခရိုင်တစ်ခုလုံး၊ မဲဆန္ဒနယ်အမှတ် ၄ ဖြစ်တဲ့ မတူပီခရိုင်တခုလုံး၊ မဲဆန္ဒနယ်အမှတ် ၅ ဖြစ်တဲ့ မင်းတပ်ခရိုင် တခုခုလုံးတို့မှာလည်း ကျင်းပသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။
အလားတူဘဲ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ် )ပြည်နယ်လွှတ်တော် မဲအ များဆုံးရသူ အနိုင်ယူစနစ်(FPTP) ရဲ့ မဲဆန္ဒနယ် ၅၆ နယ်မှာလည်း ကချင်ပြည် နယ်က ၄ နယ်၊ ကယားပြည်နယ်က ၃ နယ်၊ ချင်းပြည်နယ်က ၄ နယ်၊ စစ်ကိုင်း တိုင်းက ၁၀ နယ်၊ မကွေးတိုင်းက ၅ နယ်၊ မန္တလေးတိုင်းက ၃ နယ်၊ ရခိုင်ပြည်နယ် က ၁၀ နယ်၊ ရှမ်းပြည်နယ်က ၁၇ နယ်တို့မှာလည်း ရွေးကောက်ပွဲတွေကို ကျင်းပသွားမှာ မဟုတ်ဘူးလို့သိရပါတယ်။
စစ်ကော်မရှင် လက်အောက်ခံ ရွေး/ကော်ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနယ်မြေဟာ ၇၁၂ နေရာရှိတယ်လို့ သိရပြီး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော်မဲအ များဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော်(သို့)ပြည်နယ်လွှတ် တော်မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)မဲဆန္ဒနယ် ၂၆၆ နယ်၊ တိုင်း ဒေ သကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ် တော်အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်)ပြည်နယ်လွှတ် တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒ နယ် ၂၉ နယ်တို့မှာ ရွေးကောက်ပွဲတွေ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ-MOI


