Homeပြည်တွင်းသတင်းတော်လှန်ရေးတပ်ဖွဲ့တွေထံ စက်သုံးဆီရောင်းချသူ ၁၇ ဦးကို စစ်ကောင်စီဖမ်းဆီး

တော်လှန်ရေးတပ်ဖွဲ့တွေထံ စက်သုံးဆီရောင်းချသူ ၁၇ ဦးကို စစ်ကောင်စီဖမ်းဆီး

၃ ဇန်နဝါရီ ၊၂၀၂၅

တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ ထိန်းချုပ်ဒေသတွေကို စက်သုံးဆီရောင်းဝယ်နေသူ ၁၇ ဦးကို တရားမဝင် စက်သုံးဆီများ သိုလှောင်ရောင်းဝယ်မှုပြုလုပ်နေမှုနဲ့ စစ်ကောင်စီကဖမ်းဆီးခဲတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စက်သုံးဆီ ဖြတ်တောက်ထားတဲ့ တအာင်းတပ် TNLA၊ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ သယံဇာတလုပ်ကွက်တွေအတွက် စက်သုံးဆီရောင်းချတဲအတွက်ကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်မှုအရ စစ်ကိုင်းတိုင်းထဲက ရွာတချို့မှာ ဆီတွေသိုလှောင်ပြီး KIA ထိန်းချုပ်ထားတဲ့ ဖားကန့်က ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေ၊ တနိုင်းက ရွှေနှင့်ပယင်းမှော်လုပ်ကွက်တွေ၊ PDF တွေထိန်းချုပ်ထားတဲ့ ကောလင်းကရွှေလုပ်ကွက်တွေနဲ့ ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်က ရွှေလုပ်ကွက် တွေကိုပို့မှာလို့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။

ဒါ့အပြင် TNLA/ PDF တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းရွှေလုပ်ကွက်တွေ၊ မိုးကုတ်ကကျောက်မျက်တူး ဖော်ရေးလုပ်ကွက်တွေကိုပို့ဆောင်ရောင်းချနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စက်သုံးဆီတွေကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ၊ ကံတလူပူးပေါင်း စစ်ဆေးရေး ဂိတ်အနီးက ဆီသိုလှောင်ခြံ ၅ နေရာက ဆီသယ်ယာဉ် ၂၂ စီး၊စက်သုံးဆီ ဂါလန် ၆သောင်းကျော် နဲ့ စက်သုံးဆီရောင်း ချငွေတွေ စစ်ကောင်စီက သိမ်းဆည်းရမိထားတယ်လို့ ထုတ်ပြန်တာပါ။

စက်သုံးဆီရောင်းချသူတွေဟာ စက်သုံးဆီကို မန္တလေးမြို့ကတစ်ဆင့် ဧရာဝတီတံတား (ရတနာပုံ)ကိုဖြတ်ပြီး စစ်ကိုင်း – ရှိန်းမကား – ကမ်းဖြူ – သစ်စိမ့်ကြီးကို စစ်ကိုင်း – ရွှေဘိုအမှတ် (၃) ခရိုင်ချင်း ဆက်လမ်းမကြီး အတိုင်း သယ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိထားတဲ့ လုပ်ငန်းရှင် ၁၇ ဦးကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ လည်းဆိုထားပါတယ်။

Photo – MOI

ဆက်စပ် သတင်းများ

Most read