Homeပြည်တွင်းသတင်းတောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမပေါ်က ရောင်နီဦးရွှေဆိုင် ဓားပြတိုက်ခံရ

တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမပေါ်က ရောင်နီဦးရွှေဆိုင် ဓားပြတိုက်ခံရ

ဇူလိုင်၂၀၂၅

ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမပေါ်က ရောင်နီဦးရွှေဆိုင် မနေ့က ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင် ၈ ရက်နေ့၊ နေ့လယ် ၃ နာရီဝန်းကျင်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားပြတိုက်သူ အမျိုးသားနှစ်ဦးဟာ ဆိုင်အတွင်းက မှန်အချို့ကို ရိုက်ခွဲပြီး သေနတ်နဲ့ ခြိမ်းခြောက်ကာ ရွှေတွေကို ယူဆောင်သွားတာလို့ ရပ်ကွက်နေသူအချို့ကပြောပါတယ်။

ဓားပြတိုက်သူတွေဟာ ဆိုင်ကယ်နဲ့ လာရောက်ခဲ့တာ့ဖြစ်ပြီးလွတ်မြောက်သွားခဲ့တာကြောင့် သက်ဆိုင်ရာကလာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ဓားပြတိုက်ခံရတဲ့ ရွှေတန်ဖိုးကို အတိအကျ မသိရသေးပဲ ရွှေထည်ပစ္စအများအပြားပါသွားနိုင်တယ်လို့ အနီးနားရှိသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး